unicode
လျန်ရှီကစိတ်တိုလာပီးအသံတိုးတိုးနဲ့မေးလိုက်သည်။
"ညီမလေးကု..နင့်မှာပိုက်ဆံဘယ်လောက်ရှိလဲ?"
ကုမန်ကခေါင်းငုံ့လိုက်တယ်..။သူမ၏ မျက်တောင်များ သည် ရှည်လျားပြီး မျက်လုံးထဲတွင် ခံစားချက်ကို ဖုံးကွယ် ထားသည်။
သူမသည် ဖုန်းထောင့်စွန်းအနားကို လက်သည်းများဖြင့် တိတ်တဆိတ် ကုတ်နေသည်။
ကုစီရှေ့တိုးကာမေးစေ့ကိုလက်နဲ့ထောက်ရင်း..
"အစ်မမှာ ပိုက်ဆံသိပ်မကျန်တော့ဘူး။ စုစုပေါင်း သန်း ၆၀ လောက်ပဲရှိတော့မယ်"
လျန်ရှီမျက်နှာကချဉ်တူးသွားသည်..
"အခုဘယ်လိုလုပ်မလဲ?ငါလဲဒီရက်ပိုင်းသုံးစရာတွေအရမ်း များနေပီးကဒ်ထဲမှာ၁သန်းပဲကျန်တယ်..အဲဒိ့လုသခင်လေး ကငွေပေါမယ့်ပုံပဲ..ငါတို့ဒီကျောက်စိမ်းကိုဝယ်နိုင်တော့ မယ်မထင်ဘူး"
ကုစီ၏မျက်နှာတွင် ရှုပ်ထွေးသောအမူအရာတစ်ခုရှိနေ သည်။
"အစ်မလျန်၊အပေါင်းအသင်းတွေနဲ့အပြင်ထွက်တိုင်း.. လူတိုင်းရဲ့အသုံးစရိတ်တွေလိုက်ပေးနေတဲ့ အလေ့အထ ကိုမစွန့်လွှတ်သေးဘူးလား"
လျန်ရှီကဝံ့ကြွားဖြောင့်မတ်သောလေသံဖြင့်..
"ဒီလို အလေ့အကျင့်ကောင်းကိုဘာလို့စွန့်လွှတ်ရမှာလဲ.. တခြားသူတွေကို ကူညီရတာ ပျော်ရွှင်စေတယ်"
ကုစီကပြောစရာမရှိတော့..ထိုခဏမှာကုမန်ကပြောလိုက် သည်။
"လုချန်ကျိုး?သူင့ါကိုလိုက်ရှာပီးအလုပ်အပ်ဖို့ကြိုးစားနေ တာရှိတယ်။ ယွမ်လင်ကိုသွားပြောလိုက်..အဲဒိ့လူတောင်း ဆိုချက်ကိုလိုက်လျောလိုက်ဒါပေမယ့်..စျေးကိုပုံမှန် ထက်၁၀ဆပိုတင်လိုက်လို့..ဒါတောင်အဲဒါကိုလက်ခံမယ် မခံဘူးဆိုတာက..ငါ့စိတ်အခြေအနေပေါ်မူတည်တယ်လို့"
အဲဒိ့တော့...သူကပိုက်ဆံသိပ်ပေါနေတယ်မဟုတ်လား။
**အိုကေ..အသေအချာပဲပေါ့..**လျန်ရှီကမနေနိုင်စွာဖြင့် ရယ်မောလိုက်သည်။
"နားလည်ပီ..."
ဒီညကျောက်စိမ်းတစ်ခုကြောင့်ကြီးမားတဲ့ပြိုင်ပွဲနဲ့ရန်ငြိုး တစ်ခုဖြစ်လာမယ်လို့ဘယ်သူမှ မမျှော်လင့်ထားပါဘူး။
YOU ARE READING
My Wife Slaps People in the Face Online Daily
Fiksi Umum***** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please...