လုချန်ကျိုးကကုမန်ကိုလက်ထိပ်ခတ်ဖို့လုပ်နေတဲ့ရဲအရာ ရှိကိုဒေါသတကြီးပြန်ကြည့်လိုက်သည်။အံ့ဩစရာမှောင် မိုက်အေးစက်တဲ့အရှိန်အဝါကရဲအရာကိုတုန်လှုပ်ခြောက် ခြားစေကာလက်တွေကလေထဲမှာအေးစက်စွာရပ်တန့် သွားသည်။
ပတ်ဝန်းကျင်ကလူတွေလဲအံ့သြမှုနဲ့အေးခဲသွားကြသည်
ကုမန်ကတော့အစကနေအဆုံးထိတစ်ချက်တောင်မလှုပ် ခဲ့ဘူး။ သူမကထိုနေရာမှာပဲဘောင်းဘီအိတ်ထဲလက်ထည့် ကာပျင်းရိအေးစက်စွာရပ်နေခဲ့တာ။
"အဘွားနိုးလာပီ.."
လုချန်ကျိုးအသံကရေခဲလိုအေးစက်နေတယ်..အပြင်ကလူတွေအားလုံးအကြည့်တွေကအံ့သြထိတ်လန့်မှုနဲ့ပြည့် သွားသည်။
"ဘာ?! နိုးလာပြီလား?!"
ဒီမိန်းမကတကယ်ပဲအဘွားကိုကယ်ခဲ့တာလား?
လုကျီဝေခေါင်းတွေကိုယမ်းလိုက်သည်။ဘယ်လိုဖြစ်နိုင်မှာ လဲ..?!ဒီအရူးလိုကံကောင်းမှုကဘယ်ကလာတာလဲ?
ကုမန်မျက်နှာကအမူယာမဲ့နေကာညလေအေးအေးကသူမရဲ့နက်မှောင်တဲ့ဆံပင်တွေကိုတိုက်စားကာလှုပ်ယမ်းနေ စေတယ်..သူမကကျောက်ရုပ်တစ်ခုနဲ့ပိုတူတယ်။
သူမကလက်ဝါးအရွယ်စာရွက်နဲ့ဘောပင်ကိုထုတ်ကာ တစ်ခုခုရေးးခြစ်လိုက်သည်။အလင်းဖျော့ဖျော့အောက်မှာ သူမရဲ့ရှည်လျားတဲ့မျက်တောင်တွေနဲ့အလှတရားကိုမြင် နိုင်စေတယ်။
အနားကလူတွေအားလုံးကတိတ်ဆိတ်နေသည်။
ဆယ်စက္ကန့်လောက်ရေးပြီးတော့ကုမန်ကထိုစာရွက်ကို လုချန်ကျိုးဆီကိုပေးလိုက်ပြီး.."ဒါဆေးညွှန်း..တစ်ပတ်အဲ ဒါကိုတိုက်ပါ"
လုချန်ကျိုးကစာရွက်ကိုယူပြီးဆိုးဝါးတဲ့လက်ရေးတွေကို ကြည့်ပြီးတော့ပြောစရာစကားမဲ့နေသည်။
ကုမန်ကလက်တွေကိုဘောင်းဘီအိတ်ထဲပြန်ထည့်လိုက် ပြီး "ဦးလေးလု..ကျွန်မမအားဘူး..သွားပြီ.."
သူမကပြောပြီးတာနဲ့ဘယ်သူ့ကိုမှအရေးမစိုက်ဘဲမောက် မာတဲ့ခြေလှမ်းတွေနဲ့ထွက်သွားသည်။
လုရှန်ကျင်းလဲဆွံ့အသွားသည်။ လုချန်ကျိုးကမိန်းက ငယ်ရဲ့ရှည်လျားဖြောင့်စင်းတဲ့နောက်ကျောကိုကြည့်ရင်း ကမျက်ခုံးပင့်လိုက်ပြီး.."မိန်းကလေးကု."
YOU ARE READING
My Wife Slaps People in the Face Online Daily
General Fiction***** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please...