ကုမန်ကအချိန်ကိုစောင့်ရင်းအပ်တွေကိုအချိန်လိုက်ညှိပေး နေလိုက်သည်။တစ်ခုပြီးတစ်ခု၊ကုမန်အပ်ဆယ့်နှစ်ချောင်း ကိုပင်မချီလိုင်းဆယ့်နှစ်ခုကိုထိုးကာသွေးလှည့်ပတ်မှုကို
ထိန်းညှိပေးလိုက်ကာအချို့သောသွေးကြောတွေမှာသွေးစီးကျစေသည်။ကုမန်ကြောင့်သွေးထွက်လာတာကိုတွေ့ တော့လုကျီဝေမျက်နှာက မည်းမှောင်သွားပြီး သူမအလျင်အမြန်ပြေးသွားသည်။
"နင်ဘာလုပ်တာလဲ?!"
လုချန်ကျိုးကကအေးစက်စူးရှတဲ့အကြည့်နဲ့သူမကိုကြည့် လိုက်တော့ လုကျီဝေကချက်ခြင်းသူမကိုယ်ကိုအရှိန်ပြန် သတ်လိုက်သည်။သူမကဒေါသကိုမထိန်းနိုင်စွာနဲ့ပြော လိုက်သည်။
"တတိယအစ်ကို! အဘွားကလေဖြတ်သွားတာ!အဲလို သွေးတွေထုတ်လို့ဘာမှအကျိုးဖြစ်လာမှာမဟုတ်ဘူး?!"
"ငါ့ကိုစိတ်ရှည်တဲ့လူလို့နင်ထင်နေတာလား?"
လုချန်ကျိုးအေးစက်တိုးတိမ်စွာပြောလိုက်သည်။အခန်း တွင်းကလေထုကသိသိသာသာအေးစက်သွားသည်။ လုကျီဝေကလုချန်ကျိုးရဲ့မဲနက်အေးစက်တဲ့မျက်ဝန်းတွေ ကိုကြည့်ရင်းသူမရင်ထဲကဒေါသများစွာကိုအတက်နိုင်ဆုံး ထိန်းချုပ်လိုက်ကာမျက်နှာနီနီနဲ့ဆက်ပြောလိုက်သည်။
"တတိယအစ်ကို!အစ်ကိုလဲအဘွားအသက်နဲ့အလောင်းအစားလုပ်ချင်မယ်မထင်ဘူး..! ဒီမိန်းမကိုကျွန်မတို့အိမ်မှာ ဒီလောက်ရက်စက်စွာ ပြုမူဖို့ကျွန်မခွင့်မပြုနိုင်ဘူး!"
သူမကပြောပြီးတာနဲ့ရှေ့တိုးကာကုမန်ကို တွန်းထုတ်ရန် ကြံရွယ်လိုက်သည်..သို့ပေမယ့်သူမကုမန်ကိုမထိရသေး ခင်မှာပဲ..သူမကလက်ကောက်ဝတ်မှာဖြူဖျော့အေးစက်တဲ့ လက်ရဲ့အထိတွေ့ကိုခံစားလိုက်ရသည်။
ထိုမိန်းကလေးမျက်ဝန်းတွေကအေးစက်ကြည်လင်နက် ရှိုင်းနေပြီးသူမမျက်ဝန်းများကသွေးကြောအနည်းငယ်ကို မြင်နေရကာအရိုင်းဆန်တဲ့မျက်ခုံးများကထိန်းသိမ်းရခက်တဲ့ခံစားချက်ကိုခံစားမိစေသည်။ထိုလက်တွေကသူမလက် ကောက်ဝတ်ကိုခိုင်မြဲစွာတင်းတင်းဆုပ်ညှစ်လာသည်။
YOU ARE READING
My Wife Slaps People in the Face Online Daily
Fiction générale***** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please...