[Unicode]
"ဟိုင်ရုန်ရေ ဟိုင်ရုန် ဒီနေ့လည်းမမရဲ့အိမ်ကို ထမင်းတစ်နပ်လာစားလို့ရမလား?" ရွှီကျင်းကပါပီမျက်နှာလေးလုပ်ပြကာ ဟောပြောသည့်တစ်ယောက်စာစင်မြင့်ဘေးမှ ဆောင့်ကြောင့်ထိုင်နေလျက် ဟိုင်ရုန်ကသင်ခန်းစာအစီအစဉ်များအား တစ်ယောက်ချင်းစီစနစ်တကျခွဲပေးနေသည်ကို ကြည့်နေ၏။
"ရတယ်လေ ဘာစားချင်လဲပြောလိုက် အော်ဒါလက်ခံနေပြီးသားပဲ" ဟိုင်ရုန်ကစာရွက်တွေအားလုံးကိုစုလိုက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေမနေ သေချာအောင် စင်မြင့်ထက်မှာသေသေသပ်သပ်စီထားပြီး ရွှီကျင်းကိုအလေးအနက်ထားပြောရန် သူမခေါင်းကိုလှည့်လိုက်သည်။
"အဲ့လိုဆိုရင်တောင် မင်းမုန်လာဥစားဖို့ကို ငြင်းဆန်လို့မရဘူးနော်"
တုံတုံဟာ ရွှီကျင်း၏မျက်နှာက ခါးသီးဟန်ဖြစ်သွားသည်ကိုမြင်သော်လည်း မမျှော်လင့်ထားစွာနှင့်ပင် သူ့ရင်ထဲမှာတော့ အထူးတလည်မပျော်ရွှင်နေပေ။
သူလည်းမတတ်နိုင်ဘူး။ တစ်နှစ်ပတ်လုံး အဆက်မပြတ်ဆက်သွယ်ခဲ့တာကြောင့် ဟိုင်ရုန်နှင့်ရွှီကျင်းဟာ တစ်ယောက်ကိုတစ်ယောက်ကို အတော့်ကိုနီးစပ်လာကာ တစ်ယောက်ကိုတစ်ယောက်လည်း အတော်အသင့်တော့ နားလည်လာကြပါ၏။ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးအဆင့်က ဆရာတပည့်စည်းထက်ကျော်လွန်၍ အခုဆိုနှစ်အတော်ကြာသိလာကြတဲ့ သူငယ်ချင်းတွေအတိုင်းပင်။
တုံတုံ ဒီဟာကိုမကြိုက်ပါ။
သူ့အမြင်မှာတော့ ရွှီကျင်းကမုန်းစရာကောင်းတာထက်ကို လွန်နေပြီ။
စားသောက်ဆိုင်က အစားအသောက်တွေရဲ့အရသာက ဘယ်လိုဆိုးရွားပြီး ဆီနဲ့ဆားအလွန်အကျွံသုံးတာက ခန္ဓာကိုယ်အတွက်မကောင်းကြောင်း ပြောနေတတ်သည်။ ဟိုင်ရုန်ရဲ့ဟင်းချက်လက်ရာ ကအရမ်းကိုအံ့ဩဖွယ်ကောင်းလွန်းလို့ သူမကိုအိပ်မက်ကမ္ဘာတွေထဲ သယ်ဆောင်ခံလိုက်ရသလိုခံစားရစေပြီး အရမ်းကိုကောင်းလွန်းလို့ တခြားသူတွေချက်တာကို မစားနိုင်သည်အထိဖြစ်ခဲ့ရကြောင်း ပြောတတ်သေး၏။
ဒီအချက်အရ ရွှီကျင်းကမိန်းကလေးဖြစ်ပေမယ့်လည်း မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်သည့်နည်းလမ်းများ၌ သူမကရှင်းလင်းပြတ်သားသူပင်။ အမျိုးသမီးတစ်ယောက်ကမည်မျှပင် စဉ်းစားချင့်ချိန်တတ်နေပါစေ သူမနှင့်စကားအပြိုင်ပြောရသည့်အခါများ၌ သူတို့ကအလျှော့ပေးရုံသာတတ်နိုင်သည်ထိ လုပ်နိုင်ပေသည်။
YOU ARE READING
ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️
Short StoryOriginal name - 陪你十三年 English Title- With you for thirteen years Original author - 淡味风 English Translator - Stattuce (Novel updates) Chapters- Prologue & chapters 14(Completed) I do not own any of this novel. I just translate it for fun. All credits...