အခန်း(၁):ပထမနှစ်

914 99 2
                                    

[Unicode]

တစ်ပတ်လောက် ဖြတ်သန်းလာပြီး နောက်ဆုံးမှာတော့ ချူးချန်းယွီတစ်ယောက် သူက ကြောင်တစ်ကောင်ဖြစ်နေပြီဆိုတာကို လက်ခံလိုက်ရချေသည်။ သူ့ပါးစပ်ကနေ ကြောင်အော်သံတွေကို အေးဆေးထုတ်နိုင်နေပြီး သူ့ရဲ့ကြောင်ခြေထောက်လေးချောင်းနဲ့ အေးဆေးလျှောက်နိုင်နေပြီ။ သူတကယ်ကို အဆင်ပြေနေတာ...။ သူကြောင်အဖြစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် စ​,နေတုန်းကဆို သူ့ခေါင်းနဲ့ရင်ဘတ်ကို သူကိုယ်တိုင်တောင် မသိလိုက်ဘဲ အရင်မ,တင်နေမိတာတွေ.. သူ့ခြေလေးချောင်းနဲ့ လျှောက်တော့လည်း သူဘယ်ခြေထောက်ကို အရင်လှုပ်ရှားရမလဲဆိုတာ အမြဲပဟေဠိဖြစ်နေခဲ့တာတွေကို ဘုရားပဲသိလိမ့်မည်။

အာဟုတ်သားပဲသူ့နာမည်ကလည်းချူးချန်းယွီမဟုတ်တော့ဘူး။လူတွေရဲ့မျက်လုံးမှာရှိခဲ့တဲ့လူထူးချွန်ကကားမတော်တဆမှုမှာတည်းကသေသွားခဲ့ပြီးပြီ။အဲ့နေ့ကသတင်းကိုသူလည်းတွေ့လိုက်ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူ့မှာဆွေမျိုးတွေလည်းမရှိတော့နစ်နာကြေးတွေကသူသေတမ်းစာမှာရေးထားတဲ့အတိုင်းနယ်ခံမိဘမဲ့ဂေဟာကိုရောက်သွားလိမ့်မည်။

သူ့ရဲ့လက်ရှိပိုင်ရှင်ကနှင်းတွေကျတဲ့ဆောင်းရာသီညမှာပန်းခင်းဘေးနားကကတ်ထူပုံးအဟောင်းထဲကသူ့ကိုတွေ့ပြီးကောက်ယူမွေးစားခဲ့သည်။သူ့နာမည်ကိုလည်းတုံတုံလို့မှည့်ပေးခဲ့လေသည်။

သူကြောင်တစ်ကောင်ဖြစ်လာတာကိုသိပြီးတဲ့နောက်တုံတုံသူ့ရဲ့ပုံစံအသစ်ကိုလျင်မြန်စွာနဲ့တွေ့သွားတယ်။သူ့ပိုင်ရှင်ကသူ့ကိုမှန်ရှေ့ခေါ်သွားတာကြောင့်ပိုင်ရှင်လက်ထဲကပိန်ခြောက်ပြီးသေးငယ်နေတဲ့ကြောင်လေးကိုတွေ့လိုက်ရသည်။

"တုံတုံရဲ့အမွှေးတွေကမည်းနက်ပြောင်ချောနေတာပဲ" ဟိုင်ရုန်တုံတုံရဲ့အမွှေးနဲ့ဆင်တူတဲ့ အမည်းရောင်နှာခေါင်းလေးကိုလည်းပွတ်သပ်လိုက်သည်။ "တကယ်ကိုချစ်စရာကောင်းပြီးလှတဲ့ကြောင်ထီးလေးပဲ"..

ပြောရမယ်ဆိုသူ့မျိုးစိတ်လေးပဲပြောင်းသွားခဲ့ပြီးလိင်အင်္ဂါပါမပြောင်းသွားခဲ့တာကိုကျေးဇူးတင်ရမယ်, ဟုတ်တယ်မလား?

ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️Opowieści tętniące życiem. Odkryj je teraz