[Unicode]
"တုံတုံလေးရေ လာကြည့်ပါဦး ဒီနေရာဆိုဘယ်လိုလဲ?" ဟိုင်ရုန်ကဆိုဖာပေါ်မှာ တင်ပျဥ်ခွေထိုင်နေလျက် သူမလက်ထဲကtabletကို တို့ထိနေသည်။ ဒီနှစ်မှာတော့ သူမ၏လုပ်ဖော်ကိုင်ဖက်ထဲမှ တစ်ယောက်၏အကြံပြုချက်ကိုနားထောင်၍ ဓာတ်ရောင်ခြည်ခံမျက်မှန်တစ်စုံကို ရရှိခဲ့သည်။ ပါးလွှာသောငွေရောင်အနားကွပ်မျက်မှန်က နှာခေါင်းရိုးထိပ်၌အံဝင်ခွင်ကျဖြစ်နေ၍ သူမ၏ပညာတတ်အလှတရားကို တစ်စိတ်တစ်ပိုင်းဖြည့်စွမ်းပေးနေသည်။
တခါတရံ သူမကhot rollersကို သူမရဲ့ဆံနွယ်ရှည်တွေကောက်စေရန်အသုံးပြု၍ ပိုပြီးရင့်ကျက်တဲ့ပုံပေါက်လေ၏။ တုံတုံကသူမမေးတာကြားသောအခါ သူမရဲ့ဒူးပေါ် ပေါ့ပါးညင်သာစွာခုန်တက်ပြီး တင်ပျဉ်ခွေထိုင်နေတဲ့ခြေထောက်တွေကြားနစ်ဝင်နေလျက် သူမကိုကြည့်လိုက်၏။
သူတို့ကဒီနှစ်အားလပ်ရက်ခရီးသွားမည့်နေရာကို ရွေးနေကြခြင်းပင်။
သည်ဟာကို ဌာနတွင်းသီးသန့်ပရောဂျက်တစ်ခုအဖြစ် ယူဆ၍ရပြီး liberal arts*1ပရော်ဖက်ဆာတွေအတွက် စီစဉ်ပေးထားတဲ့အချိန်စာရင်းက သိပ္ပံနဲ့အင်ဂျင်နီယာတွေနဲ့မတူဘူး။ အပန်းဖြေခရီး*2စပြီဆိုတာနဲ့တစ်ပြိုင်နက် အဆုံးမရှိတော့ပေ။
ယခုအချိန်က ဆောင်းရာသီအားလပ်ရက် ကုန်ဆုံးတော့မည်ဖြစ်၍ ကြုံလာမည့်ဘဝအတက်အကျ*3တွေဟာလည်း အိုင်ဒီယာအနည်းငယ်နှင့်စတင်နေလေပြီ။ သူငယ်ချင်းတွေကလည်း အကြိမ်အနည်းငယ်လောက်တွေ့ဆုံကြပြီး သူတို့ရဲ့အနာဂတ်ခေါင်းကိုင်သား၏အမည်က ဘာဖြစ်မလဲဆိုတာ ပျော်ပျော်ကြီးလေပစ်နေကြသည်။ အန်တီကလည်းဒီနှစ်မှာခွင့်ရက်အနည်းငယ်ယူကာ သူတို့နဲ့အတူအပန်းဖြေဖို့ နေရာတစ်နေရာရှာချင်ကြောင်း ပြောလေသည်။
"ဒါဆို ရေပူစမ်းသွားကြရင်ရော ဘယ်လိုလဲ?" ဖိုရမ်ပေါ်ကအကြံပြုချက်ကိုကြည့်ရင်း ဟိုင်ရုန်ကတုံတုံကို တလက်လက်တောက်နေသည့်မျက်လုံးတွေနှင့် စိုက်ကြည့်နေသည်။
တုံတုံက ဟိုင်ရုန်သဘက်ကြီးပတ်ထားပြီး ရေပူစမ်းထဲမြုပ်နေကာ ရေနွေးငွေ့တွေအောက် သူမမျက်နှာကဘယ်လိုနီရဲနေမလဲဆိုတာကို တိတ်တဆိတ်တွေးမိလေသည်။
DU LIEST GERADE
ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️
KurzgeschichtenOriginal name - 陪你十三年 English Title- With you for thirteen years Original author - 淡味风 English Translator - Stattuce (Novel updates) Chapters- Prologue & chapters 14(Completed) I do not own any of this novel. I just translate it for fun. All credits...