အခန်း(၉):နဝမနှစ်

292 46 17
                                    

[Unicode]

အန်တီဟိုင်ရှန်းက အစာအိမ်‌ကင်ဆာရောဂါ ခံစားနေရသည်ကို သိရသည့်အချိန် နှစ်သစ်ကူးအခါသမယကိုပင် ရောက်နေနှင့်ပြီ။

“အန်တီအရင်ကပြောဖူးတယ်လေ...ဘဝမှာ ဘာမှမရှိတာကနေ အကြိမ်ပေါင်းများစွာ ကိစ္စပေါင်းများစွာက တိုးတက်နေတာ” ဆေးရုံကုတင်ပေါ်ရှိ အန်တီဟိုင်ရှန်းက ဆက်ပြောသည်။ “သမီးမြင်တဲ့အတိုင်း...ကင်ဆာဆဲလ်တွေလိုပဲ”

“ဒါက လုံးဝကိုယုတ္တိမရှိဘူးလေ” ဟိုင်ရုန်က ညည်းတွား၍ သူမကိုကြည့်လိုက်သည်။ တစ်ဖက်တွင်လည်း တုံတုံကအော်သံပေး၍ ထောက်ခံနေသည်။ ကံကောင်းထောက်မစွာနှင့် အန်တီကဤဆေးရုံတွင် ရှယ်ယာအချို့ရှိနေလို့ပင်၊ မဟုတ်လျှင် တုံတုံဝင်လာရန်မဖြစ်နိုင်ပေ။

“ဟုတ်ပါပြီ ငါကဖျားနေတာကို ညည်းကငါ့ကိုဝေဖန်နေသေးတယ်...ဆရာမလုပ်တာကြာလာတာနဲ့ ဆရာကြီးမလုပ်ရရင်မနေနိုင်တော့ဘူးဆိုတာ တကယ်ဟုတ်နေတာပဲ”, ဤအခိုက်တွင် အန်တီက အံ့ဩဖွယ်ကောင်းစွာ ပုံမှန်ထက်ပို၍ တက်ကြွနေကာ “ရိုးရိုးရှင်းရှင်းပဲတွေးလိုက်...အန်တီကအသက်ငါးဆယ်ထဲဝင်နေပြီ...လှပတဲ့ရှုခင်းတွေမြင်ခဲ့ရပြီးပြီ...အရသာရှိတာတွေစားခဲ့ရပြီးပြီ...လူကောင်းတွေကိုချစ်ခဲ့ပြီးပြီ...ပြီးတော့ အခုလည်း အရမ်းကောင်းတဲ့တူမတစ်ယောက် ရထားသေးတယ်လေ” ဤစကားကိုပြောရင်း ဟိုင်ရုန်၏ပါးကို ဆွဲညှစ်လိုက်လေ၏။ “တကယ်ကို ဘာမှနောင်တရစရာမရှိတာ။ သမီးလည်း အရမ်းဝမ်းနည်းမနေနဲ့...ဖြစ်သမျှအရာအားလုံး ကံစီမံရာပဲ...လူသားတွေက လိုက်နာရုံပဲတတ်နိုင်တယ်”

“ဟုတ်‌တော့ဟုတ်ပါတယ်” ဟိုင်ရုန်မျက်လုံးမှိတ်ချလိုက်သည်။ သူမထိန်းထားခဲ့သည့်မျက်ရည်တွေက ထောင့်စွန်းကနေစီးကျလာလေ၏။

ထိုအခိုက်တွင် အန်တီ၏ဆေးရုံအခန်းတံခါးက ပွင့်သွားသည်။ ဝင်လာသည့်လူက အန်တီဟိုင်ရှန်း၏ လတ်တလော‌တွဲနေသည့်ချစ်သူအသစ်ဖြစ်၏။ မျက်နှာကနက်မှောင်နေပြီး ငယ်ရွယ်ပုံပေါက်ကာ နိုင်ငံခြားသားတစ်ယောက်ဖြစ်လိမ့်မည်။ ထိုသူက ပြင်းပြင်းထန်ထန်ကို ငို‌ကြွေးနေသည်မှာ သူ့မျက်လုံးထောင့်စွန်းတွေက အလုံးစုံနီရဲနေသည်ကို သင်မြင်နိုင်သည်။

ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️Onde histórias criam vida. Descubra agora