အခန်း(၇):သတ္တမနှစ်

373 52 25
                                    

[Unicode]

လူအုပ်ကြီးရဲ့အားပေးသံများအလယ် ဟိုင်ရုန်ကကိတ်မုန့်ပေါ်ကဖယောင်းတိုင်တွေကို မှုတ်လိုက်သည်။ လက်ခုပ်တစ်ချက်တီးလိုက်သည်နှင့် ဧည့်ခန်းထဲမှ အဝါရောင်မီးရောင်က လင်းလာကာ သူငယ်ချင်းတွေကဘဩဘာပေးလက်ခုပ်တီးနေကြပြီး ကိတ်တစ်ကိုက်စာအတွက် တစ်ယောက်စီတိုင်းကလုနေကြ၍ တစ်ယောက်မျက်နှာမှာတစ်ယောက်က(ခရင်မ်)သုတ်ရန် လှည့်လာကြသည်။

ဟိုင်ရုန်ကပထမဆုံးတိုက်ခိုက်ခံရသူဖြစ်ပြီး အသစ်ပြင်ထားကာစ ဆံပင်စတိုင်က ခရင်မ်တစ်လွှာဖြင့် ဖုံးအုပ်လုနီးပါးဖြစ်သွားလေသည်။ သူမက ဒီဟာကိုရယ်ရင်း ဗွေမယူလိုက်ပေ။ တုံတုံကိုသူမလက်တွေကြားထဲဖက်ထားရင်း ဆိုဖာကိုလှည့်ပတ်ကာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းတွေရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းနေလေသည်။

လေတဖြူးဖြူးတိုက်၍ သာယာသောနွေဦးညဖြစ်သည့် ဤအခိုက်အတန့်‌လေးက ဟိုင်ရုန်၏သုံးဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ဖြစ်လေသည်။

အသက်သုံးဆယ့်ခြောက်နှစ်ဆိုသည့်အရွယ်၌ အမျိုးသမီးတစ်ယောက်၏အကောင်းဆုံးနှစ်တွေက ကုန်ဆုံးသွားပြီဟု ပြော၍ရသည်ပင်။ တစ်ချိန်တည်းမှာပဲ မိန်းမတွေအများစုက သူတို့ခင်ပွန်းသည်နှင့်ကလေးတွေအတွက် စိတ်ပူနေရသည့်အရွယ်ဖြစ်ကာ သူတို့ကနဂိုအတိုင်းပြန်မရနိုင်သော လျော့ရဲလာသည့်မျက်နှာ၊ အရေးကြောင်းတွေ၊မှဲ့ခြောက်တွေထွက်တာနှောင့်နှေးစေရန် အချိန်ကိုအမိအရဖမ်းဖို့ရန်အတွက် အကောင်းဆုံးကြိုးစားကြလိမ့်မည်။ သူတို့ရဲ့ဆံပင်နက်က အဖြူပြောင်းလာတာကို စိုးထိတ်နေကြလိမ့်မည်၊ ဘယ်သူမှမလွတ်မြောက်နိုင်‌သော ပျက်စီးခြင်းဟူသည့် အသက်အရွယ်ကြီးပြင်းလာခြင်းနှင့်ပက်သက်၍ စိုးရိမ်ပူပန်ကြရလိမ့်မည်။

သို့ပေသိ ဟိုင်ရုန်လိုအမျိုးသမီးတစ်ယောက်ကို သင်တွေ့လိုက်သည်နှင့် မတတ်နိုင်ဘဲသူမအသက်နှင့် ဘုရားသခင်၏တရားမျှတမှုကို မေးခွန်းထုတ်မိနိုင်သည်။

အသားအရေကနူးညံ့လွန်းသည်မှာ အသက်သုံးဆယ့်ခြောက်နှစ်အရွယ်မိန်းမပုံ လုံးဝမ‌ပေါ်ပေ။

ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️Tempat cerita menjadi hidup. Temukan sekarang