အခန်း(၁၁):ဧကာဒသမနှစ်

283 50 22
                                    

[Unicode]

Sတက္ကသိုလ်၏အတန်းပြီးဆုံးခြင်း ခေါင်းလောင်းသံကမြည်လာသည်။ ကျောင်းသူကျောင်းသားများက တလိမ့်လိမ့်တက်လာသောဒီရေပမာ အလွန်လျင်မြန်စွာပင် အတန်းထဲမှတိုးကြိတ်ထွက်လာကာ အုပ်စုသေးလေးတွေအဖြစ်စုဝေးပြီး ကန်တင်းဆီ ဦးတည်လို့ အပြေးအလွှားသွားကြတော့သည်။

သူတို့ကိုကြည့်လိုက်လျှင် သင့်ရဲ့ငယ်ရွယ်စဉ်ကပုံရိပ်ကို ပြန်ကြည့်နေရသလိုပင်။ ကျောင်းသားအုပ်ကြီးနောက်ကလိုက်လာသည့် ဟိုင်ရုန်နှင့်သူမ၏သင်ကြားရေးလက်ထောက်အသစ်က ဘေးချင်းယှဉ်လျှောက်နေကာ အကြောင်းအရာအချို့ကို ဆွေးနွေးနေကြလေသည်။ နှစ်ဦးသား လမ်းဆုံလမ်းခွရောက်တော့ နှုတ်ဆက်လိုက်ကြကာ မတူညီသည့်ဦးတည်ချက်နှစ်ခုသို့ ထွက်သွားကြ၏။

လွန်ခဲ့သောနှစ်အနည်းငယ်က ရွှီကျင်းသည် ဟိုင်ရုန်ထံမှ ထွက်ပြေးရန် လုံးပန်းနေရ၍ ဒီတစ်ကြိမ်က သူတို့မျက်နှာချင်းဆိုင်တွေ့ရသည့် ပထမဆုံးအကြိမ်ပါပင်။

"အာ ရှောင်ကျင်းပဲ" ဟိုင်ရုန်သူမကိုတွေ့တော့ ဟန်ဆောင်မှူကင်းသည့် ဖော်ရွေသည့်အပြုံးလေးတစ်ခုကို အလိုလိုထုတ်ပြမိရသည်။

ရွှီကျင်းက အတန်ငယ် ပါးစပ်ပွင့်နေကာ သူမဘာမှထုတ်မပြောနိုင်တာ သိတော့ ဟိုင်ရုန်လျှောက်လာသည်ကိုသာ တိတ်တိတ်လေး ကြည့်နေလိုက်တော့သည်။

"မင်းကို မတွေ့ရတာ တော်တော်ကြာသွားပြီလို့တောင် ခံစားရတယ်...ဒီနှစ်တွေအတွင်းမှာ အဆင်ပြေရဲ့လား?" ဟိုင်ရုန်က အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ထားပြီး အဖြူရောင်ဇာပန်းထိုးထားသော တဘက်တစ်ထည်ကိုပတ်ထားကာ ကြီးမားသောကော်ဖီရောင်ရှိသည့် ကြောင်ထည့်သည့်အိတ်ကို သယ်လာသည်။ အိတ်ထဲက ကြောင်နက်လေးက ဟိုင်ရုန်၏အသံကြားသည်နှင့် နိုးနိုးကြားကြားရှိသွားကာ ခေါင်းလေးပြူထွက်လာသည်။

တကယ်တမ်း တစ်စုံတစ်ခုက အကြိမ်ပေါင်းများစွာ မျက်စိစပါးမွေးစူးစရာဖြစ်နေလျှင်တော့ သူတို့၏ရောင်ဝါနှင့်သာ သက်ဆိုင်ပေသည်။ အမုန်းခံသင့်သည့်သူက မုန်းတီးခံနေရဆဲဖြစ်နေမှာပင်။ တုံတုံကသူမကိုသွားဖြဲပြလာသည်ကို မြင်သောအခါ ရွှီကျင်းလည်း စိတ်ထဲက‌နေ မဲ့ရွဲ့ပြလိုက်သည်။

ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️Donde viven las historias. Descúbrelo ahora