အခန်း(၃):တတိယနှစ်

477 74 11
                                    

[Unicode]

မျက်စိတစ်မှိတ်အတွင်းမှာပင် ငါ့ရဲ့နတ်ဘုရားမသခင်၏ ဘဝအတက်အကျအတွေ့အကြုံတွေကို စောင့်ကြည့်ရင်းပင် နောက်တစ်နှစ်ကိုကျော်ဖြတ်သွားချေပြီ။ ထို့ပြင်ဒီနှစ်ဆောင်းဦးမှာ တုံတုံ(ချူးချန်းယွီ)အတွက် ကြောင်တစ်ကောင်ဖြစ်လာရခြင်း၏ တကယ့်စမ်းသပ်မှုဟာ အခုလေးတင်  အမှန်ပင်ရောက်လာခဲ့လေသည်။

အခြေအနေတွေကဤကဲ့သို့ပင် ဖြစ်သင့်သည်။ အဖြစ်အပျက်တွေကိုအစီအစဉ်တကျမပြောခင် ကြောင်တွေ၏အလေ့အထဆိုင်ရာ နာမည်ကြီးသိပ္ပံကိုကြည့်ကြရအောင်။

သားရဲတိရစ္ဆာန်‌လောကမှာရှိတဲ့ ကျောင်းကျုံးရှန်းက သူ၏နက်ရှိုင်း ချိုသာ သာယာသောအသံကို ဆွဲဆွဲငင်ငင်နှင့်ဆို၏။ 'ကြည့်ပါဦး ခြင်္သေ့တွေheatဝင်နေကြပြီ'

မိတ်လိုက်ရာသီဟာ ဘယ်တိရစ္ဆာန်မဆို အသက်ရှင်ဖို့နှင့်မျိုးပွားရန်အလို့ငှာ ဖြတ်သန်းရမည့်အချိန်ကာလတွေထဲမှာမှ အထူးတလည်အဖြစ်ဆုံးကာလပင် ဖြစ်သည်။၎င်းကာလသည် ဟော်မုန်းထုတ်ပေးသည့် အကျိတ်(ဂလန်း)၏ထိန်းချုပ်မှုအောက်တွင် ခြယ်လှယ်ခြင်းခံရသည်။ ကြောင်တိုင်းလိုလို ဤစိတ်အခြေအနေသို့ကျရောက်ရသည်။ လူသားများပင်လျှင် ဤနိယာမကိုလွန်ဆန်၍မရနိုင်ပေ။စိတ်ကြွတတ်သည့်အချိန်ကာလမျိုးကတော့ အမြဲရှိနေမှာပင်။ အထူးသဖြင့် ကြောင်တွေအတွက်...ဆိုပါစို့ နွေဦးနှင့်နွေရာသီအချိန်ရောက်တိုင်း သင်ငြိမ်းချမ်းစွာအိပ်ပျော်နေစဉ် ရုတ်ခြည်းဆိုသလို နှလုံးတုန်ဖွယ်အော်သံများကြောင့် အထိတ်တလန့်နိုးလာခဲ့သည်ရှိသော် 110ကိုမခေါ်လိုက်ပါနှင့်ဦး...ကြောင်ကမျိုးပွားနေတာလားဆိုတာ ပထမဆုံးသေချာအောင်လုပ်ပါ။

ဒီကာလအတောအတွင်းမှာ ကြောင်ကတကယ့်ကို...သင်ဟာကြောင်တစ်ကောင်မဟုတ်တာမို့ ကြောင်ကပျော်နေလား ဝမ်းနည်းနေလား သိနိုင်မည်မဟုတ်သည့်အတွက် ဒီနေရာမှာ သိပ်ပြီးချင့်ချိန်တွက်ဆနေမည်မဟုတ်။ ပိုင်ရှင်အများစုက ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုအနေဖြင့် သားကြောဖြတ်ခြင်းကိုသာ ရွေးချယ်ကြလိမ့်မည်။ ဟုတ်ပေသည်...ဟိုင်ရုန်မှာလည်း ဤအတွေးမျိုးရှိလေ၏။

ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️Donde viven las historias. Descúbrelo ahora