အခန်း(၂):ဒုတိယနှစ်

534 83 14
                                    

[Unicode]

ပြတင်းပေါက်အပြင်မှ ဝင်လာခဲ့သည့် ဆူညံလှသော မီးရှူးမီးပန်းပေါက်ကွဲသံများကြောင့် တုံတုံ ရုတ်တရက်လန့်နိုးလာခဲ့ပြီး ထခုန်လိုက်မိသည်.. သူ့ခန္ဓာကိုယ်ပေါ်က အနက်ရောင် အမွှေးများပါ ထောင်ထလာပြီး အဝေးကသာ ကြည့်လိုက်မယ်ဆိုရင် မီးသွေးတုံးတစ်တုံး အရှေ့အနောက် လှိမ့်နေသည့်ဟု ထင်မှတ်ရသည်..

“အာ.. တုံတုံလေး လန့်ပြီးနိုးလာတာလား..?”

ဟိုင်ရုန်ရဲ့ နှုတ်ခမ်းပါးလေးများက တွန့်ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်.. ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်ပြီး ချည်သားကူရှင်ပေါ်မှာ လဲလျောင်းနေသည့် အိမ်မွေးလေးကို ကြည့်လိုက်သည်...

“ကြောက်ဖို့ မလိုပါဘူးကွာ... ကြောက်နေသေးရင် မမဆီလာခဲ့..” သူမလက်မောင်းလေးကို ဆန့်တန်းလိုက်ပြီး ပြောလိုက်သည်...

တုံတုံက ဒီနေ့မှ ကျစ်စမြီးကျစ်ထားသည့် ညာဘက်ပုခုံးပေါ်မှာ ချထာသည့် သူမရဲ့ ဆံပင်ရှည်ကို ကြည့်လိုက်တယ်.. ကျစ်စမြီးရဲ့ အမြီးက သူမရဲ့ရင်ဘတ်နေရာတစ်ဝိုက်မှာ ရှိနေခဲ့သည်.

ငါ.. ငါက အဲ့လို ရင်ဘတ်ထဲ နစ်မြုပ်ချင်နေတဲ့ လူယုတ်မာ မဟုတ်ဘူး... ငါမလုပ်ချင်ဘူး...

တုံတုံ ဟိုင်ရုန်ရဲ့အိမ်ကို ရောက်လာခဲ့သည်မှာ သုံးလခန့်ပင် ရှိချေတော့မည်.. ကြောင်တစ်ကောင်ရဲ့ အလေ့အထအရ ဒီအချိန်က ကြောင်တွေ အသည်းအသန် အော်ညည်းတတ်တဲ့အချိန် ဖြစ်သည်..

ဘယ်လိုပဲပြောပြော တုံတုံရဲ့အရင်ဘဝက ချူးချန်းယွီ.. အသက်သုံးဆယ်ကျော်နေပြီဖြစ်တဲ့ လူသားတစ်ယောက်... သူရဲ့ကြောင် ဦးနှောက်နဲ့ ဖွံ့ဖြိုးလာတဲ့ ဟော်မုန်းဓာတ်တွေက သူ့ကို အိမ်ကို ပတ်ပြေးဖို့ တွန်းပို့နေမယ်ဆိုရင်တောင် အများဆုံးမှ အသစ်ဝယ်ထားတဲ့ ကြောင်တွေဆော့တဲ့ တာဝါပေါ်သို့ တတ်လိုက်ဆင်းလိုက်သာ သူ လုပ်နေမိလိမ့်မည်...

ဖန်ခွက်တွေကို မတိုက်ချတတ်သလို.. ဆိုဖာတွေကိုလည်း မကုတ်ခြစ်တတ်တဲ့သူက အတော်လေး အေးဆေးတည်ငြိမ်သည်ဟု ခံစားရသည်...

ဆယ့်သုံးနှစ်တာ မင်းနဲ့အတူ(ဘာသာပြန်)✔️✔️✔️Where stories live. Discover now