Present 01

1.1K 72 6
                                    

(unicode)

၂၀၂၂ ခုနှစ် / ဘန်ကောက်မြို့

ဘန်ကောက်မြို့၏မနက်ခင်းဟာ မိုးဖွဲဖွဲဖြင့်စတင်သည်။
ညကပြတင်းပေါက် မပိတ်သည့်အကျိုးအားဖြင့် မိုး‌စက်တို့ဟာ လိုက်ကာကို ကျော်လွန်၍ ကုတင်ပေါ်တွင် လှဲလျောင်းနေသော လီဆာ့ထံသို့ စင်သည်။ ခပ်ပြေပြေမှိတ်ထား‌သော မျက်လုံးအစုံဟာ အနည်းငယ်ပွင့်လာကာ မျက်ခုံးတို့ တွန့်ချိုးလာသည်။

" တကယ်ပါဘဲကွာ။ "

အိပ်ယာပေါ်မှာထကာ ပြ‌တင်းပေါက်အားပိတ်လိုက်ပြီး အလုပ်သွားရန်ပြင်ဆင်သည်။ အမေ့၏ကုမ္ပဏီ၌ အလုပ်၀င်နေရသည်ဖြစ်ပင်မယ့်လည်း သွားချင်သည့်အချိန်မှသွားတာမျိုး၊ ရာထူးကြီးကစ၀င်တာမျိုးမရှိခဲ့ချေ။ အဖေသည် စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အမေဟာ ထိုင်းကိုယ်စားပြု နာမည်ကြီး လက်၀တ်ရတနာ ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်သည်။ သူမ ၂၁ နှစ်ထဲက အမေ့၏ကုမ္ပဏီတွင် အလုပ်သင်အဖြစ်၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ယခု ၂၅ နှစ်တွင် ဒီဇိုင်းဌာန၏ အဖွဲ့မှူးတစ်ယောက်အဖြစ် လုပ်ကိုင်နေရသည်။

သူမသည် အလုပ်ထဲတွင် အလုပ်လောဘကြီးသူ၊ စည်းကမ်းကြီးပြီးကြောက်စရာကောင်းသူ ဟုအဖွဲ့သားတို့က ဆိုကာ ရှိန်ကြသည်။ သူမ၏ ဒီဇိုင်းဌာန‌တွင် သူမအပါအ၀င် လူ ၇ ဦးရှိသည်။ သူမတို့ဟာ နောက်ထုတ်မည့် ဒီဇိုင်းတို့ကိုရေးဆွဲရသည်။ ကျောက်ဒီဇိုင်းကိုတော့ အခြားဒီဇိုင်းအဖွဲ့ကတာ၀န်ယူသည်။ ကနဦး ကျောက်ရရှိလာလျှင် စစ်ဆေးရေးအဖွဲ့က စစ်ဆေးသုံးသပ်ပြီး အမေ့အားတင်ပြရသည်။ အမေမှတစ်ဆင့် ကျောက်မြတ်ရတနာဒီဇိုင်းအဖွဲ့နှင့် ' မည်သည့်ပုံစံကိုပုံဖော်မှ ‌အကောင်းဆုံးဖြစ်မည်နည်း ' ဆိုသည့်ခေါင်းစဉ်နဲ့ဆွေးနွေးကြသည်။ ထိုဒီဇိုင်းအဖွဲ့မှတစ်ဆင့် လက်၀တ်ရတနာဒီဇိုင်းအဖွဲ့ဖြစ်သည့် လီဆာတို့ထံရောက်ရှိလာပြီး အစည်းအဝေးထိုင်ကြပြန်..။ ရရှိ‌လာသောကျောက်နှင့် လူကြိုက်များပြီး လှပစေဖို့အတွက် လီဆာတို့ကဒီဇိုင်းဆွဲကြရ‌သည်။ ပြီးသည်နှင့် စက်ရုံသို့ပို့ကာ အရေအတွက်နှင့်ထုတ်လုပ်ပြီး ‌ဈေးကွက်ထဲတင်ဖို့အတွက် အရောင်းဌာနကို လွှဲပြောင်းရသည်။ တစ်ခါ‌တစ်လေ ရုံးကထွက်ဖို့စဉ်းစားချင်လာသည် အထိပင်ပန်းမိသည်။ သို့ပေမယ့် အလုပ်မှ အလုပ်ဖြစ်သွားတတ်သည့် သည်လူ၏ ဦးနှောက်ကြီးမှာထူးဆန်းသည်။

KIM حيث تعيش القصص. اكتشف الآن