(Unicode)
" ဖေ...ဖေဖေ... "
လီဆာ့၏ မျက်ခွံတွေဟာမဖွင့်နိုင်လောက်အောင်လေးပင်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ခုခုက လှုပ်မရအောင် အုပ်မိုးထားသလိုခံစားရသည်။ မျက်ခွံကို အားတင်းကာဖွင့်ကြည့်တော့ အမြင်အာရုံဟာ ခပ်ဝါးဝါးသာ..။
" သခင်မလေး..။ သခင်မလေးနိုးလာပြီ ရန် ဆရာဝန်သွားခေါ်စမ်းမြန်မြန်... "
ဝါးနေသည့်အမြင်အာရုံကြောင့် သေချာမမြင်ရပင်မယ့်
အန်တီမွန့်အသံဆိုတာကိုတော့ လီဆာသိနေသည်။ အန်တီမွန်ဟာ လီဆာ့ကိုငယ်ငယ်ထဲက ထိန်းပေးခဲ့သည့်သူမလား။
သူ့တူမရန်အား အန်တီမွန်က ဆရာဝန်ခေါ်ခိုင်းနေသည်ကိုကြားရသည်။ ထို့နောက် လီဆာ့နားသို့ လျှောက်လှမ်းလာကာ လီဆာ့ကို ကိုင်တွယ်ကာ ပါးတွင်ကပ်လိုက်သည်ဟုခံစားရသည်။" သခင်မလေးရယ် တော်သေးတာပေါ့ သတိပြန်ရလာလို့။ "
အန်တီမွန်၏ မျက်ရည်စတို့ လီဆာ့၏လက်ပေါ်သို့ ကျလာသည်ကို စိုစွတ်လာသော လက်အရေပြားက သက်သေပြသည်။ အန်တီမွန်နှင့်ရန်အပြင် အခြားဘယ်သူရှိနိုင်မလဲ ဆိုတာကို လီဆာ မမြင်နိုင်လောက်အောင် အမြင်အာရုံမှာဝေဝါးနေသည်။
" ကြီးတော် ဒေါက်တာလာပြီ ဖယ်ပေးပါဦး။ "
ထို့နောက် ဆရာဝန်ရောက်လာကာ မျက်စဥ်းခပ်ပေးသည်။
လီဆာ့၏ အခြေအနေကိုဆန်းစစ်ကာ တိုက်ကျွေးရန်ဆေးတွေ၊ သတိထားစရာတွေကိုပြောပြသည်။ ဆေးရုံဆင်းလို့ရပြီဟုလည်းပြောသေးသည်။လီဆာမကျေနပ်တာတစ်ခုရှိသည်။ အဲ့ဒီတစ်ခုကတော့ ကြည်လင်လာတဲ့ အမြင်အာရုံထဲမှာ စိတ်ပူနေသယောင်ရှိတဲ့ ဘယ်ဘက်မျက်ခွံပေါ်က မှည့်ကလေးမရှိတာပါဘဲ။ အမြင်အာရုံဝေဝါးနေတုန်းကတောင် စိတ်ပူနေမယ့် မှည့်ပိစိလေးကို ခန့်မှန်းမြင်ယောင်လို့ရသေးသည်။ အခုချက်ချင်း လီဆာ မျက်လုံးတွေကို အကြာကြီးမှိတ်ထားပစ်လိုက်ချင်သည်။ သူမှမရှိဘဲကို။ အမြင်အာရုံက ကြည်လင်နေလဲ ဘာလုပ်မှာ။
အန်တီမွန်က ဆေးရုံမှာတစ်ရက်လောက်တော့ နေပါဦးလို့ပြောပင်မယ့်
လီဆာဟာ ခေါင်းမာစွာဘဲ အိမ်ပြန်မယ်လို့ဆိုခဲ့တယ်။ အိမ်ရောက်ရင် စိတ်ပူနေတဲ့ မှည့်ကလေးကို တွေ့ရမယ်၊မြင်ရမယ် ဆိုတဲ့ အထင်နဲ့လေ...။

YOU ARE READING
KIM
Romanceဒီလောကကြီးနဲ့ကွဲပြားနေတဲ့ အခြားကမ္ဘာက လီဆာကကော ကင်မ့်ကို သဘောကျနေမလားမသိဘူးနော် |UNICODE & ZAWGYI |updated every Mon to Fri |Completed