Past 02

492 49 1
                                    

(unicode)

၂၀၀၅ ခုနှစ်/ Satuek

လာလီဆာ မာနိုဘန် - အသက် ၈ နှစ်
ဂျန်းနီကင်မ် - အသက် ၁၂ နှစ်

" မမဂျန်းနီကင်မ်တဲ့။ နှုတ်ဆက်လိုက်လီဆာ။ "

၈ နှစ်အရွယ်လီဆာလေးဟာ လိမ္မာရေးခြားရှိသည့် ကလေးငယ်ဖြစ်ခဲ့တယ်။ စစခြင်းတွေ့သည့်နေ့က သူမကိုကြည့်နေသည့် လီဆာ၏ မျက်လုံးဝိုင်းဝိုင်းတွေက ပိုးစုန်းကြူးလေးတွေပမာ တလက်လက်...။

" တွေ့ရတာဝမ်းသာပါတယ် မမကင်မ်။ "

လီဆာမှ သူအား ခေါ်ဆိုပုံဟာ လူကြီးတွေအတွက် သဘောမကျချင်စရာဖြစ်ခဲ့ပင်မယ့် သူမကတော့ အချစ်ပိုခဲ့ရတယ်။ သူမကို " ကင်မ် " လို့ခေါ်တဲ့ပထမဦးဆုံးလူသားဟာ
မျက်စိရှေ့က အသေးလေးဖြစ်နေခဲ့လို့လေ..။

" လီလီ မမကိုရင်းရင်းနှီးနှီးခေါ်ရမယ်လေ သမီးရဲ့။ "

လီဆာ၏ ခပ်ပြည့်ပြည့်နှုတ်ခမ်းလေးတွေက ဆူလာပြီး
မစ္စမာနိုဘယ်အားကြည့်သည်။ ထို့နောက်အကူအညီတောင်းသည့် ပုံဖြင့် သူမကိုကြည့်သည်။ ငြိမ်သက်နေသည့်
သူမကဘဲ အလျင်အမြန် အရှေ့မှဘဲပေါက်လေးကို
ကာပေးရသည်။

" ရပါတယ်၊ အန်တီရဲ့။ ကင်မ်လို့ခေါ်တာလဲ ကောင်းပါတယ်။
အဖေတို့စကားပြောနှင့်ကြပါ။ သမီး လီဆာ့နဲ့အတူဆော့ပေး
လိုက်ပါမယ်။ "

လူကြီး​တွေ၏ ပြန်စကားကို​စောင့်မ​နေ​တော့ဘဲ လီဆာအား
လက်လှမ်း​​ပေးလိုက်သည်။ ထိုက​လေးက လူကြီး​တွေကို
ဦးညွှတ်ပြီး သူမလက်ကိုကိုင်ကာခြံထဲသို့လိုက်လာခဲ့သည်။

" လီဆာက ဘယ်လိုကစားနည်း​တွေကြိုက်လဲ။ မမကို​ပြောပြပါလား။ "

" ကျွန်မ​ဆော့ရတာမကြိုက်ဘူး။ မမကင်မ် ​ဆော့ရတာက
ပင်ပန်းတယ်။ "

က​လေးတစ်​ယောက်အ​နေနဲ့ထူးဆန်းသည့်စကားကို​ပြောလာ
သည့်အပြင် ခွင့်ပြုချက်မ​တောင်းဘဲ မြက်ခင်း​ပေါ်ထိုင်​နေသည့်
သူမ၏ ​ပေါင်​ပေါ်​တွင် လာ​ရောက်အိပ်စက်သည်။

" မမကင်မ်လဲမ​ဆော့နဲ့။ လီဆာလဲမ​ဆော့ဘူး။ ဒီအတိုင်းလှဲ​နေရင်းမမကင်မ်ရဲ့ မျက်ခွံ​ပေါ်က မှည့်​လေးကိုကြည့်ကြမယ်။ "

KIM Where stories live. Discover now