Present 09

457 49 4
                                    

(Unicode)

မနက်ဝေလီဝေလင်းချိန်သည် အကောင်းဆုံးအချိန်ဟု ဂျန်းနီကြားခဲ့ဖူးသည်။ မနက်အစောကြီးထရသည်ကို မနှစ်မြို့ပင်မယ့် အိမ်မပျော်တော့သည့် မနက်စောစောတွေကတော့ ရှိတတ်မြဲဘဲလေ။ ခြံဝင်းထဲတွင်
အငွေ့တထောင်းထောင်းကော်ဖီခွက်ကလေးကိုကိုင်ကာ ကောင်းကင်ယံကို ကြည့်လိုက်မိသည်။

" ထပ်ပြီး ဒီမြေထဲမှာဘဲကိုး။ "

လက်တစ်ဖက်တွေ ကိုင်လာသည့် သတင်းစာလေး၏ နောက်ဆုံးမျက်နှာခြမ်းသို့ဖွင့်လိုက်ကာ မျက်လုံးများက တစ်စုံတစ်ခုကိုရှာဖွေနေသဟန်၊ အလုပ်လုပ်ပြသည်။ နှုတ်ခမ်းဖူးဖူးမှလဲ စကားစုတစ်စုကိုသာ ထပ်ခါတစ်လဲလဲ ရွတ်နေသည်။

" လူပျောက်.. လူပျောက်ကြော်ငြာ...။ "

" ဂျန်းနီ! "

နာမည်ခေါ်သံကြောင့် အလန့်တကြား သတင်းစာကိုပိတ်လိုက်ကာ မော့ကြည့်တော့... " ရန်.... "

" မနေ့က ဖြတ်ခနဲတွေ့လိုက်ပင်မယ့် မနှုတ်ဆက်လိုက်ရလို့၊ ပြန်ရောက်နေတာကြာပြီလား။ "

" အင်း၊ နည်းနည်းတော့ကြာပြီ။

အစ်မရန်ဟာ သူမထက် ၁ နှစ်ကြီးသည်။ အစ်မရန်က အမြဲ ရင့်ကျက်သည့်ပုံစံကိုဘဲပြကာ သန်မာကြောင်းပြတတ်တဲ့လူမျိုးဖြစ်သည်။ ဂျန်းနီခင်ဗျာ အရင်တုန်းကဆို အားကျလိုက်တာလေ။ ယခုတော့ဂျန်းနီကိုက အစ်မရန်လိုလူမျိုးဖြစ်နေပြီ။ ကြိုးစားစရာတောင်မလိုပါဘဲ။ အစ်မရန်က လီဆာနှင့်တော့ သိပ်ပြီးမရင်းနှီးချေ။ ဂျန်းနီနှင့်တော့ လွတ်လွတ်လပ်လပ် ခေါ်ပြောဆက်ဆံရေးရှိသူဖြစ်သည်။

" မပြောဘူးရော်။ လီဆာလေးကလေ သိပ်သနားဖို့ကောင်းတာ။ "

အစ်မရန်၏ ရုတ်တရက်ပြောင်းလဲသွားတော့ စကားဝိုင်းခေါင်းစဥ်ကြောင့် ဂျန်းနီ အနည်းငယ်တော့ စိတ်ရှုပ်ထွေးရသည်။

" သူ့မှာ ဒီအိမ်လေးက ဘယ်သူနေခဲ့တာမှန်းတောင် အက်စီးဒန့်ကြောင့် မမှတ်မိတာကို တစ်လတစ်ခါ လာလာသန့်ရှင်းပေးနေတာ။ အစ်မက "ဘာလို့သန့်ရှင်းရေးလုပ်နေတာလဲ" အစ်မလုပ်လိုက်မယ်ပြောရင် "နေပါစေ ဒီအိမ်လေး ညစ်ပတ်နေရင် နေလို့ကိုမရလို့ပါ" တဲ့။ "

KIM Where stories live. Discover now