Present 08

384 41 3
                                    

(Unicode)
*ပစ္စုပ္ပန်ကာလပါ။ အပိုင်း၁ကစတဲ့ဇာတ်လမ်းကိုဆက်မှာပါ။ အချိန်တွေကိုဆက်ပြီးဖတ်ချင်ရင် အပိုင်း ၁ ကိုပြန်ဖတ်လို့ရပါတယ်။*

" ဒီမှာပါ။ Classic Double Espresso.. "

အညိုရောင်ကော်ဖီဘူးလေးအား လက်ချောင်းသွယ်သွယ်လေးတွေဖြင့် ကိုင်ထားကာသူမအားလှမ်းပေးလာသည်။ ဂျန်းနီ လီဆာ့ကိုခဏကြည့်မိတော့ သူ့အာရုံအပြည့်ကို နောက်လက်တစ်ဖက်ထဲရှိ ချောကလက်ကော်ဖီပူပူထဲကိုသာ နှစ်ထားသည်။ မပြောင်းလဲသည့် အကျင့်လေးပါဘဲလား။

" အဖွဲ့မှူးက ချောကလက်ကော်ဖီကို အတော်လေးကြိုက်မယ့်ပုံဘဲနော်။ "

ဂျန်းနီ ကုမ္ပဏီမှာရှိစဥ်က သတိလက်လွတ် " လီဆာ " လို့သာ တရင်းတနှီး သုံးနှုန်းမိလိုက်သည်။ ကားတစ်ယောက်လုံးသူမ တွေးလာခဲ့တာကတော့ စည်းတားထားဖို့ပါဘဲ။ သူမကြောင့်နဲ့ လီဆာဟာ အများကြီးပေးဆပ်ခဲ့သည်။ ထပ်ပြီးတော့ သူမကြောင့်နှင့်ဖြစ်လာမည့် နောက်ထပ်မကောင်းသည့် ကိစ္စရပ်များကို လီဆာရှိမှာမရှိစေလို..။
ထို့အတူ သူမဟာယခုအချိန် လီဆာ့အတွက် လူစိမ်းတစ်ယောက်..။
အင်း...လူစိမ်းတစ်ယောက်။

ဂျန်းနီ၏ အမေးစကားကို လီဆာချက်ချင်းမဖြေသေးကာ စဥ်းစားဟန်ဖြင့် မျက်လုံးပင့်နေသည်။ မျက်တောင်ကော့ကော့လေးတွေဟာ ခပ်လွင်လွင် အပေါ်ကိုမြင့်တက်သွားသည်။ ဂျန်းနီ နှုတ်ခမ်းစွန်းတို့ ပင့်တက်ရုံလောက် ပြုံးမိသွားသည်။

" အတော်လေးတော့မဟုတ်ပါဘူး၊ ချောကလက်ကော်ဖီကိုကြည့်လိုက်ရင် စိတ်ကူးစိတ်သန်းကောင်းလာသလိုခံစားရလို့ပါ။ "

လီဆာဟာ ဂျန်းနီမေးခွန်း၏အဖြေကို ဖြေကာ ခပ်လွင်လွင်ပြုံးသည်။
ခဏတာ အကြည့်တို့ဟာ ထိုအပြုံး၌ ကပ်ငြိသွားသည်။

▪︎

လီဆာတို့၏ စံအိမ်မရောက် ၃ ဘလောက် အလိုလောက်သို့ရောက်လို့နေပြီဖြစ်သည်။ လီဆာသည် ကားမောင်းခြင်းကိုသာအာရုံစိုက်ကာ မထိခိုက်ရန်ကိုပထမထားနေသည်။

" ဟို.. မဒမ်။ "

လီဆာ့၏ ရုတ်တရက် အခေါ်ကြောင့် ဂျန်းနီကိုယ်ကလေး တုန်သွားသည်။ အပြစ်လုပ်ထားသူမှလန့်တတ်တာတဲ့။ ကိုယ်က အမှတ်တရတွေကို တစ်ယောက်ထဲပွေ့ပိုက်ထားတဲ့အချိန်မှာလဲ ဖြစ်တတ်တယ် ထင်ပါတယ်။

KIM Where stories live. Discover now