Present 12

391 40 3
                                    

(Unicode)

လီဆာ အိမ်မက်တစ်ခုကိုမက်သည်။ သိပ်ကိုထူးဆန်းသည်။
လီဆာ့အိမ်မက်တစ်ခုလုံးဟာ ပျော်စရာတွေပြည့်နေသည်။ တစ်ခါတစ်လေတော့မပျော်နေသည့် သူမကိုယ် သူမပြန်ရသည်။ သူမ ၈ နာရီကြာအိပ်လိုက်သည့်အချိန်လေးတွင် ၈ နှစ်စာလောက်အကြောင်းအရာတွေအား ရက်ဆက်မက်နေသလိုပင်။ ဒီတစ်ခေါက်လဲ ပြတင်းပေါက်ပိတ်ဖို့မေ့ပြန်သည်။ မျက်နှာပေါ်သို့ စင်လာသည့် မိုးစက်ကလေးတွေကသက်သေပြသည်။ မျက်ခုံးတို့အား ထိစပ်လုနီးပါး ကြုတ်ကာ ပါးပြင်ပေါ်ရှိ မိုးရေစက်တို့အားတို့ထိလိုက်သည်။ မိုးရေစက်တစ်ခုနှင့်အတူ စီးကျလာသော မျက်ရည်စီးကြောင်းအား ခံစားမိလိုက်သည်။

သူမငိုနေခဲ့သည်။ သူမ အိမ်မက်ကြောင့် ငိုနေခဲ့သည်။

" မမ "

နာမ်စားတစ်ခုအားသူမ ခပ်တိုးတိုးရေရွတ်လိုက်သည်။
ဘယ်ဘက်ရင်အုံကလေး အောင့်သွားသည်ဟုပင်ခံစားလိုက်ရသည်။
အခန်းပြင်သို့ထွက်လာကာ ဧည့်ခန်းရှိ သစ်သားထိုင်ခုံကလေးတွင်ဝင်ထိုင်လိုက်သည်။ စာအုပ်စင်တွင် မြင်နေရသည့် ကလေးပုံပြင်စာအုပ်ကလေးအား ခပ်တွေတွေကြည့်မိသည်။ သူမနှုတ်ခမ်းသားဟာ လှစ်ခနဲ ပြုံးလိုက်မိသည်ထင်။

" နိုးပြီလား။ "

မနေ့ကတည်းက ပျောက်ချက်သားကောင်းနေသည့် ရိုဇန်ဟာ သူမအခန်းထဲမှ နွားနို့တစ်ခွက်နှင့်ထွက်လို့လာသည်။

" အင်း။ "

" မျက်နှာက ကြည်လင်နေပင်မယ့် ဘာလို့ တစ်ခုခုဖြစ်နေသလိုခံစားနေရတာလဲ။ ဒီဘက်လှည့်။ "

ရိုဇန်ပြောနေသည့်စကားကို ကြားကြားချင်း မျက်နှာလွှဲသည့် လီဆာ့၏ မေးဖျားအားအတင်းလိုက်ဆွဲကာ သူ့ဘက်သို့လှည့်ရန်ပြောနေသည်။

" ကားမောင်းတတ်ပြီမလား။ "

" အေးလေ၊ မောင်းတတ်ပြီ။ "

" ငါ့ကားကပ်စီးမနေနဲ့တော့၊ ကိုရီးယားရောက်ရင် ငါမှမရှိဘဲ။ အလေ့အကျင့်လေးဘာလေးလုပ်၊ သစ်ပင်ဝင်မတိုက်စေနဲ့။ "

ရိုဇန်ဟာ ' ဟဲ့ ' ကနဲ အသံပြုကာ လီဆာ့ လက်မောင်းအားရိုက်သည်။
ပြီးမှ တွေးစစနှင့် လီဆာ့မျက်နှာကို အတင်းလိုက်ဆွဲပြန်သည်။

KIM Donde viven las historias. Descúbrelo ahora