Past 03

390 45 1
                                    

(Unicode)

လာလီဆာ မာနိုဘန် - အသက် ၁၄ နှစ်
ဂျန်းနီကင်မ် - အသက် ၁၈ နှစ်

စံအိမ်သို့ ရောက်ရန် လမ်းတစ်ဝက်သို့ရောက်နေပြီဖြစ်ပင်မယ့်
လီဆာ့၏ ခြေလှမ်းတွေဟာ လေးကန်နေသည်။ သူမတကယ် အဲ့အိမ်ကိုမပြန်ချင်တာပါ။

" လီလီ အခုမပြန်ချင်သေးရင် မမတို့တစ်ခုခုလုပ်လို့ရတယ်။ "

လီဆာ့၏ မျက်နှာ ရွှင်လန်းလာကာ ဂျန်းနီကိုကြည့်သည်။
တောက်ပနေတဲ့အပြုံးတွေ...။ ဂျန်းနီ၏ လက်ကိုဆွဲကာ စံအိမ်၏ ဆန့်ကျင်ဘက်ဦးတည်ရာကိုတောင် ခြေလှမ်းနေပြီ။

" ဆံပင်သွားညှပ်ရအောင်။ "

" ဟင်။ မမကင်မ်ညှပ်မှာလား၊ မညှပ်ပါနဲ့။ အခုဆံပင်လေးကမမကင်မ်နဲ့တကယ်လှတယ်။ "

" မမကင်မ်ကမညှပ်ပါဘူး။ လီလီညှပ်ရမှာ။ "

" မမကင်မ်ကညှပ်ဆိုရင် လီလီ ညှပ်ပါ့မယ်။ "

ပြုံးတုံ့တုံ့ဖြင့် လီဆာဟာ သူမကိုကြည့်နေသည်။
ဒီကလေးက လူကို တကယ်ခင်တွယ်နေတာပါ။

" အမ်.... ဂုတ်ဝဲ လေးနဲ့ ရှေ့ဆံပင်လေးညှပ်လိုက်ရင်ကောဘယ်လိုလဲ။ လီလီ...။ "

" ဆံပင်ညှပ်ဆရာက လီလီ့ဆံပင်ကိုအကြာကြီးကိုင်နေမှာပေါ့။
မညှပ်ချင်တော့ဘူး။ "

လက်ကိုင်ထားတာကိုဖြုတ်ကာ ဆံပင်ညှပ်ဆိုင်နှင့် ဆန့်ကျင်ဘက်လမ်းကို တစ်ယောက်ထဲထွက်သွားသည်။ သေချာတာတော့ စိတ်ကောက်နေပါပြီ။

" နေပါဦး လီလီရဲ့။ မမညှပ်ပေးမယ်လေ။ "

ဝိုင်းစက်စက်မျက်လုံးတွေဖြင့် ဂျန်းနီကိုကြည့်လာသည်။
ထို့နောက် ဂျန်းနီ၏ လက်ကိုပြန်လာကိုင်ကာ ပြုံးစိစိလုပ်နေပြန်ပါပြီ။

" ညှပ်မယ်။ မမကင်မ်...။ "

▪︎

ပန်းခြံရှိခုံတန်းလေးတွင် ထိုင်ကာ လီဆာ့ကိုဆံပင်ညှပ်ပေးရသည်။ ကိစ္စတော့မရှိပါ။ ဂျန်းနီဟာ ကိုရီးယားမှ အဖွားရှိက
ဆံပင်ညှပ်နည်းကိုသင်ဖူးသည်။ ယခုချိန်ထိ ဂျန်းနီဟာ ကိုယ့်ဆံပင်ကို ကိုယ်တိုင်သာညှပ်သည်။ တစ်ခြားသူတစ်ဦးကို
ညှပ်ပေးတာတော့ ပထမဦးဆုံးပင်...။

KIM Where stories live. Discover now