Past 05

392 45 1
                                    

(Unicode)

၂၀၀၇ ခုနှစ် / ဘန်ကောက်

ကုမ္ပဏီရေးရာကိစ္စဖြင့် Manoban ဇနီးမောင်နှံဟာ ဘန်ကောက်အဆင့်မြင့်ဟော်တယ်ခန်းမတွင်ရောက်နေကြသည်။ ဟော်တယ်ခန်းမထဲတွင်လဲ စီးပွားရေးလုပ်ငန်းရှင်များရှိနေသည်။ ဆွေးနွေးနေကြတဲ့လူတွေက ဆွေးနွေး၊ မိတ်ဖြစ်ဆွေဖြစ်စကားပြောတဲ့လူတွေကပြောလို့ပြောပေါ့။

သူမကတော့ ဖန်ခွက်ထဲမှ ဝိုင်နီနီတွေကိုသာကြည့်နေမိသည်။

" မဒမ် တွဲကဖို့လူရှိပါသလား။ "

ဝိုင်နီနီထဲ စိတ်ဝင်စားမှုအပြည့်ထည့်ထားတာ ကြာသွားသည်ထင်။
ကပွဲစားကြမှာမလို့ အကုန်လုံးကအသင့်ပြင်နေကြပြီ။ လာပြောတဲ့လူကိုကြည့်မိတော့။

" Mr.Charwee? "

" ဒါပေါ့ဗျာ။ နှစ်ယောက်မရှိတဲ့ အန်ဒီချာဝီပါ။ "

" ကျွန်မက... "

" အိမ်သူ... ကိုယ်မင်းကိုစောင့်နေတာ ဒီမှာကိုး။ ဟော အန်ဒီ။ "

သူမရဲ့ပုခုံးကိုဖတ်လိုက်ကာ စကားဖြတ်ပြောရင်းပြုံးကြည့်နေတဲ့
Mr.Manoban..။

" ကျွန်မအခုဘဲလာတော့မလို့ပါ။ ဒါနဲ့ နှစ်ယောက်ကသိကြတာလား။ "

" ဒါပေါ့။ ကိုယ့်ရဲ့အရင်းနှီးဆုံးစီးပွားရေးမိတ်ဆွေဖက်လေ။ "

" အာ... တွေ့ရတာဝမ်းသာပါတယ်။ "

အန်ဒီချာဝီက ခပ်ဖွဖွပြုံးတယ်။ နောက်တော့ Mr.Manoban ကိုကြည့်တယ်။

" ဒီက မဟေသီက Mrs.Manoban တဲ့လား။ "

" ဒါပေါ့ ကိုယ်လူရ။ "

Mr.Manoban က သူ့ဇနီးကို အန်ဒီချာဝီထံမှ အစွမ်းကုန်ကာကွယ်နေသည်။

" ဒီကလူ Mr.Manoban ကြီးရဲ့ ဇနီးမယားသာမဟုတ်ခဲ့ရင် ဒီပွဲမှာ ကျွန်တော် မျက်စိအကျဆုံးနဲ့ တွဲကချင်ဆုံးက ဒီက မဒမ်ဖြစ်နေမှာ။ "

Mrs.Manoban ကတော့ ဘာပြောရမှန်းမသိအောင်ဖြစ်နေပင်မယ့်
Mr.Manoban ကတော့ အပြုံးဖြင့်တုံ့ပြန်သည်။

" ကိုယ့်အိမ်သူက လှတာကိုး။ ခွင့်ပြုပါဦး။ "

" ဒါပေါ့ဗျာ။ ရပါတယ်။ "

KIM Место, где живут истории. Откройте их для себя