220 27 13
                                    

ဒီ​​နေ့သူတို့​ကျောင်းစတက်ရပီ...
보석 대학교  (ဘို​ဆော့ဂ်တက္ကသိုလ်)...

"စျေးကြီးတဲ့​ကျောင်းပီသတယ်​​..ခမ်းနားလိုက်တာ"
ကား​မောင်းရင်းHaruto ဆိုင်းပုဒ်ကိုကြည့်ကာစကားဆိုမိသည်...Asahi က​တော့သူ့စကားနဲ့မဆိုင်တဲ့စကားကို​ပြောလာသည်...

"မင်းနဲ့ငါကိုရီးယားလို​ပြောရ​တော့မယ်ထင်တယ်"
"그래(ဟုတ်ပီ)"

Asahi ကလမ်းညွှန်းကိုညွှန်ပြရင်း
"အရင်​ကျောင်းသားအစည်းအရုံးသွားရ​အောင်"
"အင်း.."

ကျောင်းသားအစည်းအရုံးမှာလိုအပ်တာ​တွေလုပ်ပီး​တော့သူ့တို့​ကျောင်း​ဆောင်ကိုပါတစ်ခါတည်း​မေးခဲ့သည်...

​ခေတ်မီဆန်းသစ်လှပတဲ့အ​ဆောက်အဦး​တွေကြားမှာ​တွေ့လိုက်ရတဲ့၃ထပ်အ​ဆောက်အအုံ...

​ရှေ့မှာECONOMIC လို့​ရေးထားတာမို့သူတို့လိုရာကို​ရောက်ပီမှန်းနားလည်လိုက်သည်..

သူတို့၂​ယောက်လုံးပထမနှစ်ကိုဂျပန်မှာတက်ခဲ့ပီးသားဖြစ်သည်..ဒုတိယနှစ်မှ ပါးကသွားခိုင်းတာမို့Asahi အ​ဖေကသူ့သားပါထည့်လိုက်ခြင်းဖြစ်သည်..ဆို​တော့သူတို့၂​ယောက်လုံးဒုတိယနှစ်ကစတက်ရမှာ

"ငါတို့သွားရမှာက2/5ကို.."
"​မေးမှရမယ်ထင်တယ်..၇မိနစ်​လောက်ပဲလို​တော့တယ်"
"အင်း"

အနားကဖြတ်သွားတဲ့​ကောင်​လေးတစ်​ယောက်ကို..Harutoခေါ်လိုက်ပီး​တော့
"အခန်း2/5ကိုဘယ်လိုသွားရမလဲဗျ"
"အာ..ကျွန်​တော်လဲအဲ့သွားမှာ​လေ...တစ်ခါထဲလိုက်ခဲ့ပါလား"
"​ကျေးဇူးပါ"

သူတို့အခန်းကိုသွားရင်း​ကောင်​လေးက..

"​ရှေ့ကဂဏန်းက..အထပ်ကိုရည်ညွှန်းပီး​နောက်ကဂဏန်းကအခန်းကိုရည်ညွှန်းတာဗျ..အဲ့​တော့ကျွန်​တော်တို့သွားရမှာကအလွှာ၂ကအခန်း၅.."

Social ​ကောင်းတဲ့အဲ့​ကောင်​လေးကိုလူ​တွေ​တော်​တော်များများကနှုတ်ဆက်ကြသည်..

Hallခန်း​ကြီးရဲ့တစ်​နေရာမှာဝင်ထိုင်ရင်း...​စောနက​ကောင်​လေးက
"ကျွန်​တော်​ကောဒီမှာထိုင်လို့ရမလား"

၂​ယောက်လုံး​ခေါင်းသာငြိမ့်ပြလိုက်သည်...

​ကောင်​လေးကဆက်ပီး
"ကျွန်​တော်ကPark Jeongwooပါ..မင်းတို့က​ကော"
"Watanabe Haruto"
"Hamada Asahi"
"​အော်..တကယ်ဂျပန်​တွေပဲ"

You're My Lifeblood Where stories live. Discover now