အိပ်ရာထက်မှာYedamတစ်ယောက်လှဲရင်း..လွန်ခဲ့တဲ့၄လကအကြောင်းတွေစဥ်းစားနေမိသည်..
"အငယ်လေး..ဘာတွေစဥ်းစားနေတာလဲ"
အတွေးထဲနစ်နေတာYeseung hyungဝင်လာတာတောင်မသိတဲ့အထိပဲ..
"လွန်ခဲ့တဲ့၄လကအကြောင်းတွေပါဗျာ"
"ထူထူးခြားခြားဖြစ်ရပ်တွေရှိတယ်ထင်တယ်..အငယ်လေးဒီလိုစဥ်းစားနေပုံအရဆိုရင်"
"ဆိုပါတော့ဗျာ..ကျွန်တော့်ဘဝရဲ့အချစ်ဦးကိုစတွေ့ခဲ့တယ်လေ..."
"Hyungကိုပြောမပြချင်ဘူးလား..ငယ်လေးအချစ်ကိုဘယ်လိုလူကသိမ်းပိုက်သွားလဲလို့""သူက..ကိုရီးယားမဟုတ်ဘူး.. ဂျပန်ဗျ..အေးစက် စက်နဲ့အချေလေး..သူ့မျက်စိထဲမှာလေ..သူ့သူငယ်ချင်း၂ယောက်ကလွဲပီးဘယ်သူမှမမြင်ဘူးဗျ...ကျွန်တော့်ကိုလဲသဘောကျတဲ့ပုံမပေါ်ဘူး..ခုထိသူကျွန်တော်ကိုစကားပြောတာ၁၅ခွန်းပဲရှိသေးတယ်သိလားhyung"
မျက်နှာလေးညှိုးကျသွားလိုက်..မျက်လုံးအရောင်လေးတွေလက်လာလိုက်နဲ့ကလေးလေးလိုပြောနေတဲ့Yedamကိုကြည့်ရင်းYeseung ဖွဖွရီမိသည်..
အဲ့တော့သူညီစွာတေးက..
"Hyungဘာရီတာတုန်းဗျ..ကျွန်တော်ကအတည်ပြောနေတာကို.."Yeseung ညီဖြစ်သူခေါင်းကိုပွတ်ပေးရင်း..
"ဆက်ပြောပါဗျာ"
"အဲ့တာလေ..hyung ကကျွန်တော့်ကိုကူစဥ်းစားပေး..သူနဲ့နီးစပ်ရေးဘယ်လိုလုပ်ရမယ်ဆိုတာ""တကယ်hyungကပြောပြရမှာလား"
"အွန်းပေါ့"Yeseung ..Yedam နားနားသို့ကပ်ပီးတစ်စုံတစ်ခုကိုပြောပြလိုက်တော့..သဘောကျစွာပြုံးနေလေသည်...
.
.
.
.ကြာသွားခဲ့တဲ့၄လမှာHarutoနားရတာကိုမရှိခဲ့ပါဘူး..ကျောင်းသွားလိုက်company သွားလိုက်နဲ့..
Emperor JPကအရှိန်အဝါအတော်ကြီးပေမဲ့Emperor Krကတော့ထင်သလောက်မပေါက်..အလုပ်လုပ်ရတာတာမသွားဘူး..
Harutoလဲအသေအလဲကြိုးစားနေရတာပေါ့..
စကားနည်းတဲ့asahiကတောင်ဆူရတဲ့အထိကြိုးစားနနေရသည်..."Ruto..ထမင်းလာစား"
"ခနနေမှစားလိုက်မယ်"
"လာစားဆိုလာစား"
Harutoလဲစာရွက်တွေခနချLaptop ကိုပိတ်ကာ..ထမင်းစားခန်းသို့သွားလိုက်သည်