တီးတောင်*အိမ်ရှေ့BELLသံကြားတာမို့Junkyu ဖုန်းကိုချကာသွားဖွင့်ကြည့်လိုက်တော့သူငယ်ချင်း၂ယောက်..
အချိန်ကြည့်တော့1နာရီကျော်ကျော်..ဒီအချိန်ဆိုသူတို့ကျောင်းမှာရှိနေရမှမဟုတ်ဘူးလား..
Junkyu ကတော့ဒီနေ့ပျင်းတာနဲ့လစ်နေတာပင်..
"မင်းတို့ကျောင်းမှာရှိနေရမှာမဟုတ်ဘူးလား"
Yedamကသူ့ကိုဖက်တွယ်ရင်းငိုရှိုက်လာသည်...
ကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုနေရာ..Junkyuစိုးရိမ်စိတ်တို့ကတိုးလို့လာ၏..."Yedamie..ဘာဖြစ်လို့လဲ..ဘာဖြစ်လို့ငိုနေတာလား"
မေးပေမဲ့အဖြေမရဘဲငိုလို့သာနေသည်..Doyoungကိုကြည့်လိုက်တော့ဒေါသထွက်နေဟန်နဲ့ခါးထောက်လို့ထားသည်..
"ဘာဖြစ်လို့လဲလို့..Doyoungieဘာဖြစ်တာလဲ"
"Yeadmငါပြောရမှာလား"Junkyu..သူ့ရင်ခွင်ထဲမှာငိုနေတဲ့Yedamကျောကိုပုတ်ကာနှစ်သိမ့်ပေးနေရင်းDoyoungစကားကိုစောင့်နေလိုက်သည်..
"ဒီနေ့ငါတို့canteen မှာနေလည်စာသွားစားတော့..နေရာမကျန်တော့ဘူး..အဲ့တာနဲ့Jeongwoo တို့ဝိုင်းမှာခွင့်တောင်းထိုင်လိုက်တယ်..မင်းသိပါ်Jeongwoo ဆိုကတည်းကဟို၂ကောင်ပါမယ်ဆိုတာ"
ခါးထောက်ပြောနေတဲ့Doyoung ပုံစံကအလွန်ဒေါသထွက်နေသယောင်..
"အဲ့အထိအဆင်ပြေသေးတယ်..စားနေရင်းYedam ကဟိုကောင်တွေaccount ကိုတောင်းတယ်..အဲ့တာကိုသူ့အကောင်ကလိုလို့လားလို့ပြောတယ်..စိတ်ပျက်စရာလို့ပြောပီးထွက်သွားတယ်"(ရိုင်းသွားရင် တောင်းပန်ပါတယ်)
"သူ..သူ..ငါ့ကိုပထမဆုံး..ပြောတဲ့စကားကအဲ့တာဆိုတော့"Yedam ကရှိုက်သံနှောနေတဲ့အသံနဲ့ဖြည့်စွက်ပြောလာတယ်..Junkyuလဲဒီတစ်ခါတော့Harutoတကယ်လွန်တယ်လို့ထင်မိတယ်...
Junkyuက Yedamကိုနှစ်သိမ့်စရာစကားရှာရင်း..ကျောကိုသာပုတ်ပေးနေမိတယ်..
Yedam ကငိုရင်းစကားတစ်ခွနွးကိုပြောလာသည်..
"ငါသေချာသဲကွဲသွားပီ..ငါသူ့ကိုသဘောကျနေမိပီ..မဟုတ်ဘူး..စချစ်နေမိပီ"
"Bang Yedam!"