175 25 15
                                    

​နေ့လည်၁၂နာရီထိုးဖို့၁၀မိနစ်ပဲလို​တော့တယ်..ဘာလို့အဲ့၁၀မိနစ်က၁၀ကမ္ဘာ​လောက်ကြာ​နေတာတုန်းမသိဘူးDoyoung ဗိုက်ဆာလို့အူ​တွေပါ​ေ​ခေါက်​နေပီ..

၅မိနစ်ပဲလို​တော့တယ်..မြန်မြန်ကုန်ပါဟ..

Yedam ကDoyoung ရဲ့ပျက်ယွင်း​နေတဲ့မျက်နှာကိုသတိပြုမိပုံရတယ်..

"ဘာဖြစ်​နေတာလဲ"
"ဗိုက်ဆာလို့"
Yedam ကကြိတ်ရယ်ရင်း..သူ့ဘက်ကိုတို့ပီးစကား​ပြောလာသည်..

"မနက်ဖြန်Hyungပြန်​ရောက်မှာသိလား.."
ဗိုက်ဆာပါတယ်ဆိုမှစကားလာများ​နေတဲ့သူငယ်ချင်းကြီးကိုမျက်​စောင်းထိုးရင်း..
"သွားကြိုမှာမလား.."
"ကြိုမှာ​ပေါ့..လိုက်ခဲ့​ပေးအုံး"
"​အေးပါလိုက်ခဲ့မယ်​လေ"

"ကဲ..၁၂နာရီလဲထိုးပီဆို​တော့ဒီ​နေ့​တော့ဒီ​လောက်ပဲ​ပေါ့"
​လော​လောဆယ်Doyoung ကမ္ဘာကြီးမှာအကြားချင်ဆုံးအသံကိုကြားလိုက်ရသည်..

အတန်းဆင်းတာနဲ့လွယ်အိတ်ထဲကိုစာအုပ်​တွေထိုးထည့်ရင်း..canteen စီသို့ဦးတည်​ပြေး​တော့မည်..

Doyoungပထမဆုံးအ​နေနဲ့Music​မေဂျာ​ရွေးမိတာ​နောင်တအကြီးအကျယ်ရမိသည်..

ဘာလို့ဆိုMusic ​မေဂျာအ​ဆောက်အအုံက..canteen နဲ့​ဝေးလွန်း​နေတာကို...

အ​ရေးထဲမှYedamကစာအုပ်သိမ်းတာကြာ​နေ​သေးတယ်..

Doyoung လဲကြာ​နေတဲ့Yedamလက်ကိုဆွဲပီးကန်တင်းစီသို့တစ်ချိုးထဲ​ပြေးပါ​တောတယ်..

"Ya!Kim Do young​ဖြေး​ပြေးဟ..​နေပူကြီးထဲ"
"ဗိုက်ဆာလို့​သေ​တော့မယ်မင်းအ​ဖေက"
"မင်းမနက်စာမစားခဲ့ဘူးလား"
"​အေး"

သူတို့ဘယ်​လောက်ပဲမြန်မြန်သွားသွား..​နေရာအလွတ်ကျန်မ​နေပါဘူး​လေ..

သူတို့စားချင်တာယူပီး​နေရာရှာကြည့်​တော့Jeongwoo တို့ဝိုင်းမှာ၃ခုံလွတ်​နေတာမြင်လိုက်ရသည်..

"Doyoungaဟိုမှာခုံလွတ်​နေတာအဲ့မှာခွင့်​တောင်းပီးထိုင်ရ​အောင်"
"O~k"

"Jeongwoo shi..ကျွန်​တော်တို့လဲဒီမှာလို့ရမလားဗျ"

Jeongwoo ကသူတို့ကိုလှည့်ကြည့်ရင်းအံသြသွားသည့်ပုံပင်..သူ့တို့နှစ်​ယောက်ကိုကြည့်ပီးတစ်ခုခုကိုရှာ​နေသ​ယောင်..ပီးမှမ​တွေ့သလိုစိတ်ပျက်မှုအချို့ကဖြတ်​ပြေးသွားသည်..

You're My Lifeblood Where stories live. Discover now