십팔(final)

247 24 14
                                    

1နှစိဟာ ထပ်မံကြာသွားပြန်ပီ
Juilliard School ရဲ့ဘွဲ့လက်မှတ်နဲ့အတူ Yedam Korea မြေကို ပြန်လည်ချနင်းလိုက်သည်

အငွေ့အသက်ကို ကောင်းစွာမှမခံစားရသေး...
ဝတ်စုံနက်နဲ့ လူတွေလက်ထဲ Yedam လိုက်ပါသွားလိုက်ရ၏

အိမ်တံခါးအဝတွင် စောင့်ကြိုနေသော Yeseung Hyung
"ငယ်လေး!"
"Hyung  အဆင်ပြေပြေရှိရဲ့လား "
"ဒါက Hyung မေးရမှာပါ ငယ်လေးရယ် ဘယ်မှာရှိနေခဲ့တာလဲ Hyung ဘယ်လိုမှ စုံစမ်းမရခဲ့ဘူး "
"Newyork မှာ "
"အကုန်အဖေ့လက်ချက်ပေါ့"
"အင်း "

Hyung က သူ့ကိုသေချာကြည့်ပီး
"ပိန်သွားလိုက်တာ ငယ်‌ေလးရယ်"
"ဒုတိယသခင်လေး သခင်ကြီးက ‌သူ့အခန်းထဲလာလှည့်ပါတဲ့"

အိမ်တော်ထိန်းက ပြောတော့ Hyung မျက်နှာကို ကြည့်မိသည်  ဒီတစ်ခါရောဘာတွေလဲ
"သွားမယ်လာ Hyung လိုက်ခဲ့မယ်"

Yeseung ညီဖြစ်သူကို တစ်ခါ  အဝေးကနေ ထွက်သွားခွင့်ပြုခဲ့ရပီ ဒီတစ်ခါတော့ အဖြစ်မခံနိုင်တော့ ဒုတိယအကြိမ် ညီဖြစိသူကို အဆံုး ရှုံးမခံနိုင်တော့

"သားကြီးပါလာပဲ  ထိုင်ကြကွာ"
အဖေဟာ ကြည်ကြည်သာသာပါပဲ

"သားငယ်တောင် ဘွဲ့ရလာပီ"
ညီအကို နှစ်ယောက်လုံး စကားမဆိုမိပါ
"အဲ့တော့ ဘဝကို format ကျဖို့အတွက် အိမ်ထောင်ဖက်လိုလာပီ"

Yedamပြုံးမိပါသည်
"ပြောပါအုံး ဘယ်သူသမီးလဲ?"

ရယ်ရယ်ရွှင်ရွှင်ပြန်မေးမိတော့ Hyung က လှည့်ကာလာသလို အဖေ့မျက်လုံးတွေလဲ တောက်ပသွား၏

"Yoon haeson"
အဟက် jaehyuk ညီမ‌ေလးတဲ့လား haesonတော့ သုါကောင်မလေးနဲ့ ရန်ဖြစ်ရတော့မှာပဲ

"ဟုတ်ပါပီ လက်ထပ်ပွဲကို နောက်တစ်ပတ်အတွင်းပြင်ထားလိုက်ပါ  ရက်ကိုအသိပေးပါ အခုတော့ သွားချင်တဲ့နေရာလျှောက်သွားလိုက်အုံးမယ်"
Yedamထိုစကားကိုပြောပီးသည်နှင့်  အပြင်ကို ထွက်လာလိုက်သည် နောက်နေ Hyungလိုက်လာသံကိုကြားပါ၏

"ငယ်လေး တကယ်ပဲ လက်ခံမလို့လား Hyungရအောင် တားမယ်လေ"
"ရတယ် Hyungတားစရာမလိုပါဘူး"
"ဒါပေမဲ့ Haruto"
"သူ ကိုရီးယားမှာလား?"
"ဟုတ်တယ် "
"ကျေးဇူးပါ Hyungပြောပြပေးလို့..ပီးတော့ နှုတ်ဆက်ပါတယ် ကောင်းကောင်းနေခဲ့ပါ .. လက်ထပ်ပွဲကိုလည်းမတားပါနဲ့ ..မသိချင်ယောင်ဆောင် နေပါ  အဲ့လက်ထပ်ပွဲက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်လို့"

You're My Lifeblood Where stories live. Discover now