မိုက်ကုတ်စက်ဝိုင်းစီမှနေမင်းကလိေမ္မာ်ရောင်ရောင်ခြည်တို့ကိုလွှမ်းခြုံပီးထွက်ပေါ်လာခဲ့ပီ...
Bang Yedamမျက်ဝန်းတို့ကိုဖွင့်လိုက်သည်နှင့်..နေ့သစ်တစ်ခုစတင်ရတော့မည်ဟူသောအသိတို့ကြောင့်သက်ပြင်းတစ်ချက်မှုတ်လိုက်၏..
၇နာရီထိုးတာနဲ့Yedam အောက်ထပ်ကိုဆင်းလာပီးထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်
ခနနေတော့အဖေနဲ့အမေကဆင်းလာပီးစားပွဲမှာထိုင်ကာမနက်စာကိုစတင်စားလိုက်သည်..
စကားတစ်ခွန်းမှမပြောဖြစ်ကြ...စားနေတုန်းအဖေကmeeting ရှိသည်ဟုဆိုကာထသွားသည်..
အဖေထသွားပီးမကြာဘူး..အမေကလဲထသွားသည်...
ထုံးစံအတိုင်းYedamတစ်ယောက်တည်းသာကျန်ခဲ့လေသည်...မထူးဆန်းတော့ပါဘူး...ငယ်ငယ်ကတည်းက..မိဘတွေနဲ့စကားတောင်ကောင်းကောင်းမပြောဖူးဘူး...Yedam မိဘတွေအတွက်ကတော့Time is money ပဲလေ..
Yedamမနက်စာကိုအဆုံးသတ်ပီးတော့..အဝတ်အစားသွားလဲလိုက်သည်..
ဒီနေ့ကျောင်းစဖွင့်ပီ...
Yedamလဲလွယ်အိတ်ယူကာအောက်သို့ဆင်းခဲ့သည်..မနေ့ကကျောင်းappမှာတွေ့တာတော့ဒီနှစ်လဲThe whole kingကသူပဲ..
ကျောင်းအဆောက်အအုံကိုမြင်လိုက်ရသည်နှင့်Yedamတည်တင်းနေသောမျက်နှာထားတို့ကိုပြင်လိုက်သည်...
Yedam ကExtrovert တစ်ယောက်ပါ..အိမ်မှာဆိုရင်တော့Introvert ပေါ့..
ကျောင်းCar parking မှာကားရပ်ခဲ့လိုက်ပီးမေဂျာအဆောက်အုံသို့သွားလိုက်သည်...
လမ်းတစ်လျှောက်သူ့ကိုကြည့်လာတိုးတိုးပြောသံတွေကိုသူကြားနေရ၏..
"သူ့ကိုလွမ်းနေတာ"
"ငါလဲလွမ်းနေတာ..ချောလာလိုက်တာ"
"တကယ်ကိုBang Yedamကတော့Bang Yedamပဲ"
"ငါ့ရဲ့အိမ်မက်နတ်သားလေး"
"သူ့အတွက်သာဆို ငါgay တစ်ေယာက်ဖြစ်နိုင်တယ်"ကျောင်းသားအုပ်စုတစ်ခုနားဖြတ်သွားစဥ်ကြားလိုက်ရတဲ့အသံတွေကြောင့်ပြုံးမိသည်..
ပြုံးနေမိတုန်းအသံတစ်ခုထွက်လာသည်..
ကကြားလိုက်ရတဲ့.ယောကျ်ားလေးအသံတစ်ခုကြောင့်..yedamပွင့်လင်းစွာရယ်မိတော့သည်.