206 25 17
                                    


Yedamတို့အတန်းဆင်း​တော့​ပြောထားတဲ့စား​သောက်ဆိုင်သို့သွားလိုက်ကြသည်...

Doyoungက​တော့သူ့အ​ဖေကကွက်အသစ်​တွေသင်​ပေးမယ်လို့ဖုန်းဆက်လာတာမို့..မလိုက်​တော့ဟု​ပြောကာအိမ်ပြန်သွား​လေပီ...

သာမန်​နေရာရယ်..သီးသန့်အထူးခန်းရယ်ဆိုပီးဖွဲ့စည်းထားတာမို့...သူတို့အထူးခန်းကိုသာမှာလိုက်သည်...

သူတို့လိုပဲအထူးခန်းမှာ​တော့​ကောင်​လေး၁စုနဲ့ဆုံမိသည်..

"အားနာပါတယ်ရှင်..အထူးခန်းကတစ်ခန်းပဲကျန်တော့တာရှင့်.."

ဝန်ထမ်း​ကောင်မ​လေးစကား​ကြောင့်​ကကောင်လေး၃​ယောက်ကစိတ်ပျက်သွားဟန်ရှိသည်...

Junkyuကသူ့နားသို့ကပ်ပီး..
"ငါအပြင်မှာတော့တကယ်မ​နေချင်ဘူး"



Jeongwooတစ်​ယောက်ချစ်ရသူ​ပြောလိုက်တဲ့စကား​ကြောင့်ရင်ထဲတစ်ချက်​အောင့်သွားသည်..သူ့​ကြောင့်ချစ်ရသူစိတ်ရှုပ်ရတဲ့အ​ခြေအ​နေနဲ့ကြုံ​နေရပီ..တစ်ဖက်ကသူငယ်ချင်း​တွေ..တစ်ဖက်ချစ်ရသူ..သူအဆင်​ပြေ​စေမဲ့နည်းကိုအမြန်ဆုံးစဥ်းစား​နေမိသည်..

Jeongwoo ​နောက်ကသူငယ်ချင်း၂​ယောက်ဘက်သို့လှည့်ပီးတီးတိုးတိုင်ပင်လိုက်သည်..ဟို၂​ယောက်ကလဲလက်ခံသည်မို့..

"ဟို..ကျွန်​တော်တို့နဲ့တစ်ခန်းထဲ​နေလို့အဆင်​ပြေမလားဗျ"
Jeongwoo အ​မေးကိုyedamကပြုံးပြရင်းjunkyuကိုတိုးတိုး​မေး​နေသည်

Junkyuက​တောမျက်​မှောင်​လေးကြုံ​နေတုန်း...
"အများနဲ့ဆိုတာထက်ဒါပိုအဆင်​ပြေပါတယ်​လေ"

သူတို့တစ်ခန်းထဲမှာထိုင်ရင်း...အ​နေမခက်ရ​လေ​အောင်အထူးသဖြင့်ချစ်ရသူအ​နေမခက်ရအောင်Jeongwoo ကပဲစကားစလိုက်သည်..

"Yedam shi"

Yedamကအူကြောင်​ကြောင်ရုပ်က​လေးနဲ့ကြည့်ရင်းသူ့ကိုသိတယ်လားလို့ပြန်​မေးလာသည်..

"​သေချာတာ​ပေါ့ကျွန်​တော်လဲBoseokတက္ကသိုလ်ကပဲ​လေ..Junkyu​ကောYedam​ကော​သေချာသိတာ​ပေါ့"

​သေချာနား​ထောင်ရင်‌ေတာ့ Junkyuဆိုတဲ့​နေရာမှာအသံကိုဖိ​ပြောတာသတိထားမိလိမ့်မည်..
"အော..တိုက်ဆိုင်တယ်​နော်.."

You're My Lifeblood Where stories live. Discover now