225 31 34
                                    

"Haru"

Yedam..Harutoကို​ခေါ်လိုက်၏...
သူဘယ်​လောက်ပဲလိုက်ကပ်​နေပါ​စေ..
ထို​ကောင်​လေးက​တော့ဂရုမစိုက်ခဲ့ဘူး...
၁လကြာတာတောင်မှပေါ့

ဒီ​နေ့စာ​မေးပွဲ​နောက်ဆုံး​နေ့..ဒီ​နေ့ပီးရင်First Semester ပီးသွားပီ..

၂လကြာ​ကျောင်းပိတ်မှာမို့..HarutoကJapan ပြန်မှာ​သေချာသ​လောက်ဖြစ်သည်..

ဒီ​နေ့သူHarutoကိုဖွင့်​ပြော​တော့မည်..harutoသိပီးသားဖြစ်​ပေမဲ့တစ်ခါမှသူဖွင့်​ပြောဖူးတယ်ဟူ၍မရှိခဲ့ဘူး..

ဒီ​နေ့​တော့ဖွင့်​ပြော​တော့မယ်...
သူ​ခေါ်လိုက်​ပေမဲ့ထို​ကောင်​လေးက​တော့တုံ့ပြန်အ​ဖြေမရှိခဲ့ဘူး..

"Haru"
သူထပ်မံ​ခေါ်လိုက်​တော့မှထို​ကောင်​လေးကလှည့်ကြည့်လာသည်..

"ငါမင်းကို​ပြောစရာရှိတယ်"
Harutoကမျက်ခုံးပင့်ရင်း..
"ဘာလဲ"
​ဘေးနားမှာJeongwooနဲ့Asahiပါရှိ​နေတာမို့​ပြောရခက်​နေသည်..

"သီးသန့်​ပြောလို့ရမလား"
"အဲ့တာဆိုငါတို့​ရှောင်​ပေးမယ်​လေ"

Jeongwoo နဲ့asahiကအလိုက်တသိ​ပြော​ပေမဲ့သူချစ်ရတဲ့သူက​တော့သူ့ကိုတမင်နှိပ်စက်မယ်ကြံထားတာများလား

"​နေပါစေ..ပြောစရာ​ရှိတာ​​ပြော..မ​ပြောရင်ငါတို့သွား​တော့မယ်"
"မင်း..မင်းသီပီးသားဖြစ်​ပေမဲ့..ငါတရားဝင်ဝန်ခံချင်လို့ပါ..ငါမင်းကိုချစ်တယ်..ငါ့စိတ်နဲ့ထပ်တူကျရင်..မင်းနှလုံးသားကိုဖွင့်​ပေးနိုင်မလား"

မျက်ဝန်း၃စုံရဲ့အကြည့်တို့​ကြောင်yedamမျက်နှာပူလာတာမို့​ခေါင်းငုံလိုက်သည်..

မသိမသာHarutoကိုအကဲခတ်ကြည့်မိ​တော့..သူမျက်နှာမှာအမူအရာမရှိ...မသိမသာချိတ်ဆွဲထားတဲ့အပြုံးတစ်ခု..အဲ့တာ​လှောင်ပြုံး...

တစ်ချက်​ခေါင်းခါပီး..ဘာမှမ​ပြောဘဲလှည့်ထွက်သွားသည်...

နာကျင်မှူကရင်ထဲပြည့်နှက်လို့သွားသည်..
​လှောင်ပြုံး...သူအချစ်​တွေက​လှောင်စရာဖြစ်​နေတာလား..မထိုက်တန်လို့လျစ်လျူရှုသွားခဲ့တာလား...

ဘာဖြစ်လို့များအဲ့ဒီလူသားကသူ့အ​ပေါ်ဒီ​လောက်ရက်စက်နိုင်ရတာလဲ

You're My Lifeblood Where stories live. Discover now