Ep-2

1.3K 84 4
                                    

Uni

—————-

"ဟင် ...!"

ရိပေါ် မျက်စိတစ်ဆုံးမှာ အမှောင်ထုဟာ
နေရာယူထားသဖြင့် ရင်ဘက်ထဲတွင်
ထိတ်ခနဲ ဖြစ်သွားရသည်။
သူဘယ်ရောက်နေတာလဲ ရှောင်း...
ရှောင်းကရော ......

"ဝမ်ငယ် ..."

"ရှောင်း ?"

ခပ်လှမ်းလှမ်းတွင်မြင်နေရသော မှိန်ပြပြ
အလင်းရိပ်အောက်တွင် ရပ်နေသော
အမျိုးသားဟာ သူ့ကိုဝမ်ငယ်ရယ်ဟု
ခပ်တိုးတိုးခေါ်လာသည်။
ထိုသူမှာ မြတ်နိုးရသောရှောင်း ဟု
သေချာသော်လဲ ဝမ်ရိပေါ် စိတ်ထဲတွင်
မသိုးမသန့်ကြီးဖြစ်ကာ
မူမမှန်သလိုခံစားနေရပြန်သည်။
လရောင်မှိန်ပြပြအောက်က ရှောင်းသည်
ရှောင်း နှင့်မတူ
နွေဦးမှညလယ်များသည် ပူပြင်းလှသည်။

" ဝမ်ငယ် ဘာလို့ ကိုယ့်ကို မရွေးချယ်ခဲ့ရတာလဲ ..."

"ကိုယ်က မပြည့်စုံခဲ့လို့လား ဝမ်ငယ် "

"ရှောင်း ခင်ဗျား ဘာတွေပြောနေတာလဲ"

နားမလည်သောစကား စုများကို မေးခွန်း
ထုတ်မိတော့ ရှောင်းဟာ ခပ်ဖျော့ဖျော့ကလေးရယ်လာသည်။
ဟင့်အင်း ဒါက ရိပေါ် သိတဲ့ ရှောင်း
မဟုတ်ပေ ရိပေါ့် အမျိုးသားသာ ဆိုလျှင်
ရိပေါ်အား အပြေးကလေး လာဖက်လိမ့်မည် ဖြစ်သည် ။

မှိန်ပြပြ အလင်းရောင်အောက်က တစ်စ တစ်စ ပြောက်ကွယ်သွားသူနောက်ကို
လိုက်ရန် ရိပေါ် ခြေထောက်များ လှုပ်မရပေ။
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ရိပ်များ
ဖုံးလွှမ်းသွားတော့ နားထင်မှချွေးစလေးဟာ
နစ်ခနဲ ပုခုံးက အ-ကျီ စထဲ ဝင်သွားသည်။
အားကိုးတကြီးဘဲ တစွန်းတစ်စ မြင်နေရတဲ့ ရှောင်းကျောပြင်ကို ဖက်တွယ်ချင်ခဲ့သည်။

"ရှောင်း...... ရှောင်း ကျွန်တော့်ကို ဒီလိုနေရာ မျိုးမှာမထားခဲ့ပါနဲ့ "

ရှောင်းဟာလှည့်မကြည့်သလို
အမှောင်ထုဟာလဲ ရိပေါ်ကို ဝါးမြိုသွားသည်။
ရင်ဘက်ထဲကနေတင်းကျပ်ကာ လည်ချောင်း တစ်လျှောက် အသက်ရှုကျပ်သလို တစ်စို့နေသည့်ခံစားချက်အဆုံးအရာရာဟာ
အမှောင်ကျသွားသည်။

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now