Ep-9

582 51 4
                                    

Uni

________

"ဘာတွေ အဲ့လောက်တောင်
သက်ပြင်းချနေတာလည်း ဝမ် "

"ဘာမှမဖြစ်ပါဘူး အလုပ်မှာ ဒီရက်ပိုင်း
ပင်ပန်းနေလို့ပါ"

"မှန်းစမ်း နေမကောင်းရော ဖြစ်နေသေးလား"

မုသားတွေကို နည်းနည်းမှ သံသရ မဝင်ဘဲ
ကိုယ်ပူ တိုင်းနေပါသော ချစ်သူကို
ကြည့်ကာ ဝမ်ရိပေါ် သက်ပြင်းချတာကလွဲ
ရင် ကျန်တာ မတတ်နိုင်ပေ။
ဒီနေ့က ခရစ်စမတ်
နားရက်လေ ဘာလိုလိုနဲ့
နွေတွေတောင်လွန်လာကြပြီ
အဝါရင့်ရောင်နေ့စွဲတွေ ဝမ်ရိပေါ်
မေ့ဖျောက်ချင်လှပြီဖြစ်သည်။
နွေလယ်ည သန်းခေါင်ရံ
အိမ်မက်တွေက သူ့အတွက်
ဆိုးဝါးလွန်းလို့

*ကိုယ် ဝမ်ငယ့်ကိုချစ်တယ်*

*ကျေးဇူးပြုပြီး တစ်ခါလောက်အခွင့်အရေးပေးပါ ကိုယ်ဝမ်ငယ့်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပါ*

မနေ့က Sean Aidan ပြောလိုက်သော
စကားများ ရိပေါ်နားထဲက မထုတ်နိုင်
သူ ရှောင်းကိုသာ သိပ်ချစ်ကြောင်း
Aidan တင်မဟုတ် တလောကလုံး သိပါသည်။
ဒါတောင် Aidan က အတင်းအကျပ်
ရှောင်းကိုပြောပြရင် ညီအကိုတွေကြား
သူ့အတွက်နဲ့ မပြေလည်မှုတွေရှိလာမည်ကို
ဝမ်ရိပေါ်ငဲ့နေရသည်။

"အာယိုးဝက်ကလေးက ငြိမ်လှချည်လား ချမ်းနေတာလား "

"အို့...! ရှောင်း ကျွန်တော့်ကို မြိုချမလို့လား"

"မြိုချလို့ရရင်မြိုချထားချင်တာ ချစ်လို့"

ဆိုဖာပေါ် ကုပ်ကုပ်လေး ထိုင်နေတဲ့
ကိုယ်လေးကို ရင်ခွင်ထဲ သိမ်းကျုံးဖက်ရင်း
စတော့ ဝမ်ရိပေါ်က ရယ်မောလာသည်။
တော်သေးတာပေါ့ သူ့ချစ်သည်းညှာရဲ့
အပြုံးတွေမပါရင် နေ့ရက်တွေက
လိုအပ်ချက်တွေများနေမှာ
ရှောင်းကျန့် ပျော်ရွှင်မှုက ဝမ်ရိပေါ်ရဲ့
ပျော်ရွှင်မှုပဲ သူတို့က တိုက်ရိုက်
အချိုးကျတယ်

"စျေးဝယ်ထွက်ကျမလားအချစ်ကလေး"

"ဘယ်လိုတွေခေါ်နေတာလဲ.."

"ဟားဟား ရှက်တာတဲ့ "

"ရော့ရော့ ရယ်ချင်အုံး"

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now