Ep-14[Final]

1.1K 61 5
                                    

Uni

_______

" doctor   xiao doctor အမျိုးသားရောက်နေတယ် "

ခွဲခန်းက ထွက်လာတဲ့ ရှောင်းကျန့်က
ဆရာဝန်ပေါက်စ ကလေး စကားကြောင့်
လှစ်ခနဲ ပြုံး လာသည်။
သန့်ရှင်းစရာတွေ သန့်ရှင်းပြီးနောက်
ခြေလှမ်းကျဲကြီးတွေနဲ့ doctor ဟာ အမျိုးသား
ဖြစ်သူထံ မပြေးရုံတမယ် သွားလေသည်။

"ရှောင်း "

အမြဲ လတ်ဆတ်နေတဲ့ မှတ်ဉာဏ်လှလှလေးတွေ နှလုံးသားထဲ ကူးလွန့်လာသည်။
ဆံနွယ်ညိုညိုကလေးများ ရှည်လာလေပြီ
ဖြစ်တဲ့ အမျိုးသားသည် ပြုံးနေသောအခါ
ပို၍ အသဲယားစဖွယ်ဖြစ်နေတော့သည်။
နွေဦးရဲ့လေရူးက နှာဖျားကို ချစ်စဖွယ်
တိုးဝှေ့သွား၏ ချစ်ခြင်းမေတ္တာတွေက
အမြဲ သစ်လွင်နေကြောင်း ဝမ်ရိပေါ်က
ရှောင်းကျန့်ကို သင်ပြပေးခဲ့တယ်။

" ဒီနေ့ကို မေ့နေတာတော့မဟုတ်ပါဘူးနော်
ရှောင်း "

" ဟုတ်လား ဘာနေ့ပါလိမ့်"

သိရဲ့သားနဲ့ အမူပိုနေတဲ့ရှောင်းကျန့်ကို
ဝမ်ရိပေါ်က ချစ်စဖွယ် မျက်စောင်းထိုးသည်။
နာကျင်မှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ဆောင်းညတွေအကုန် နွေဦးမှာ သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတာ အခုဆို နောက်ထပ်နွေဦးကလေး ပြန်ရောက်လာခဲ့ပြန်ပြီလေ

"နေ့လည်စာ လာပို့တာဒီနေ့  အလုပ်မများတာနဲ့ အစောထွက်လာလိုက်တာ"

" နေ့လည်စာထက် ရှေ့က ဝက်ကလေးကို
စားချင်လေရဲ့"

"ဒီလူ! လူကြားထဲ အတော်ကဲနေပါ့လား "

ပါးဖောင်းဖောင်းလေးကို ဆွဲရင်း စနှောက်မိတဲ့အခါ ကွက်ကြည့်ကွက်ကြည့်နဲ့ရယ်သွားကြတဲ့
သူနာပြုတွေနဲ့ ဆရာတွေကြောင့်
သူ့ အသည်းငယ်ကလေးမှာ အရှက်သည်းရှာလေပြီ ဖြစ်သည်။
ရှောင်းကျန့်လည်း ချစ်စရာကောင်းနေတဲ့ အမျိုးသားကို အသဲယားတာကြောင့်
နဖူးကို မွ ခနဲ တစ်ချက်နမ်းပေးလိုက်မိ၏

" ကိုကို ..!"

" ဘာလည်း မကျေနပ်ဘူးလား မကျေနပ်ရင်
ပြန်နမ်းလေ ပြန်နမ်းမလား"

ဝမ်ရိပေါ်လက်ထဲက ထမင်းဘူးကို ယူပြီး
ရှောင်းကျန့်က စနှောက်နေသည်။
ကိုယ်ကို ကိုင်းပေးရင်း နဖူးကို အနမ်းခံဖို့ရာ စောင့်နေတဲ့လူကို ဝမ်ရိပေါ် အမြင်ကပ်စွာ
နဖူးတောက်ပေးလိုက်တော့ ရှောင်းကျန့်က
ဆူပုပ်ပုပ်ဖြစ်သွား၏
ဂျူတီကုဒ်နဲ့ ချောလွန်းတဲ့ ဒီအမျိုးသားက
ဆူပုပ်နေတော့လည်း စားချင်တာ မစားရလို့
ကောက်နေတဲ့ကလေးသဖွယ်

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now