Ep-11

569 55 9
                                    

Uni

_____

leon ၏ သက်ပြင်းချသံများ
အကြိမ်ပေါင်းများစွာ ပြန့်နှံ့လာသော
အခန်းထဲတွင် လူသေကောင်လို
ရုပ်ပျက်ဆင်းပျက်ပျော့ခွေနေသောသူ
တစ်ယောက်ရှိသေးသည်။

"ငါ့ရဲ့ သန်မာလွန်းတဲ့ လူစွမ်းကောင်းကြီး
ဘယ်ရောက်သွားပါလိမ့် sean "

leon က ကြမ်းပြင်မှာ ခွေခေါက်ထိုင်နေတဲ့
ချစ်ရသူကို ရင်နာစွာကြည့်မိသည်။
မျက်နှာပေါ် ဝဲကျနေတဲ့ ဆံပင်တိုတိုတွေကို
ပင့်တင့်ပေးရင်း ဆိုတဲ့အခါ ညပေါင်းများစွာ
အိပ်စက်ဖို့ခက်နေခဲ့တဲ့ သနားစရာမျက်လုံး
များနဲ့ ဆုံတယ်။ Sean ရယ် ငါ့မှာတော့
ပြိုလဲစရာဘာမှမရှိတော့တဲ့အထိ မင်းကို
ချစ်မြတ်နိုးခဲ့ရတာပါ
အခြား တစ်ယောက် အတွက်ပြိုလဲနေတဲ့
ချစ်ရသူက သူ့ရင်ကအနာတွေကို ပြန်လည်
နာကျင်စေလာတယ်။

"ကိုယ်ကအဲ့ဒီလောက်ဆိုးလို့လား...
အဲ့ဒီလောက် ဆိုးလို့..သူပြန်မချစ်တာလား"

မျှော်လင့်တကြီး ကြည့်လာတဲ့ ချစ်သူမျက်ဝန်းတွေကြား leon အားအင်တွေမဲ့လို့
ငါကတော့ချစ်ခဲ့ပါတယ်ဆိုပြီး သူဘယ်လို
ဖြေရမလဲ ကျဆင်းမည့် ဆဲဆဲ မျက်ရည်တွေကို
ခက်ခဲစွာထိန်းလို့ အောက်နှုတ်ခမ်းကို
သွေးချေဥမတတ်ဖိကိုက်ထားမိတယ်။
ငါ့နှလုံးသားကြီးရစရာမရှိအောင်စုတ်ပြတ်နေရပြီ sean ရယ်
မချစ်တော့ရင်ပိုနာကျင်ရလိမ့်မှာမို့
ငါဟာ ဘယ်တော့မှ အမှတ်မရှိနိုင်ပါဘူး

"ဘာလို့ညတွေမအိပ်လဲ"

"အိမ်မက်ထဲမှာလည်း ဝမ်ငယ်က
ထားခဲ့တယ်ကိုယ့်ကို"

sean ဟာleon ရဲ့ရင်ခွင်ထဲ ဝင်ကာ ကလေး သဖွယ်ဆိုသည့်အခါမှာတော့  မျက်ဝန်းပြာများ
ဝမ်းနည်းတကြီး ငိုကြရှာသည်။
sean မမြင်နိုင်ခဲ့သောပြစ်သစ်နိုင်ငံရဲ့လှပတဲ့
မနက်ခင်းတွေအကြောင်း သူဟာ အမြဲ
ပြောချင်ခဲ့ပါကြောင်း
နှစ်သိမ့်ချင်ပါလျက်နဲ့သူကပါရောပြီးပြိုလဲ
သွားရသော ဖြစ်အင်
sean ဆံသားနက်နက်တို့ကြားက leon ၏
လက်ချောင်းကလေးများမှာ အလွန်ပင်တုန်ရီကာ အေးစက်နေခဲ့သည်။

ချစ်သူ နာကျင်နေသည်အား မကြည့်ရက်နိုင်
တော့ပါသော အချစ်ကြီးသူကြီးဟာ
သူနာကျင်ကာရင်ကွဲသေရမယ့် အဖြစ်ကို
ဆုံးဖြတ်ချက်တစ်ခု ချပြီးနောက်
sean ကိုတင်းကျပ် စွာဖက်ထားလေသည်။

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now