Ep-12

656 48 9
                                    

Uni

________

"ကျွန်တော့်ကိုစိတ်မဆိုးဘူးလား "

"လာပါအုံး မားဆီ"

အနေစိမ်းသွားသူ သားကြီးအား
ရှောင်းမား တင်းနေအောင်ဖက်ထားလိုက်သည်။
စီးကရပ်ပင် မသောက်နိုင်ဖြစ်သွားစေတဲ့အထိ
ကြားလိုက်ရတဲ့ စကားသံများကြောင့်
Sean Aidan ဟာ အယောင်ယောင်မှားမှားနဲ့
မားဆီရောက်လာရသည်။

" ကျွန်တော် .."

"ချစ်မိတာ လူတိုင်းချစ်နိုင်ပါတယ်
ဒါပေမယ့် မချစ်ပေးနိုင်တာလည်း သူတို့အမှားတော့မဟုတ်ဘူးလေ ဝမ်ဝမ်ကလေးကိုသားက
သားဖေဖေ ဒုတိယ ဖြစ်စေချင်လို့လား "

မားမား စကားတို့ကြောင့် Aidan စိတ်နံရံတွေ ခြောက်ခြားသွားရသည်။
အချစ်မရှိတဲ့ အိမ်ထောင်ရေး တစ်ခုက အဆုံးသတ်မှာ ဘာတွေများ ကောင်းကျိုးတွေရခဲ့လို့လည်း Aidan က သူ့ဘဝမှာ အမုန်းဆုံး ဖြစ်တဲ့
ဖခင် လိုလူ မျိုးဖြစ်အောင် ချစ်ရသူကို
လုပ်ယူနေမိသည်လားဆိုတဲ့အသိက အတော်လေး ကိုကြောက်စရာကောင်းပေ၏

" ကျွန်တော် မားကို ကန်တော့ခဲ့ပါရစေ"

အမြဲ ခွင့်လွှတ်ပေးခဲ့တဲ့ မေတ္တာတရားကြီးမားသူ မားဟာ Aidan ဘာကို ရွေးချယ်ပါစေ
အပြစ်မမြင်ခဲ့သူ
မားရင်ခွင်ထဲက ထွက်လို့ ကြမ်းပြင်ပေါ်
ဝပ်တွားကန်တော့တဲ့အခါ မားဟာ
ငိုရှာ...

"မားက မားရဲ့ သားကြီးကို အမြဲခွင့်လွှတ်ခဲ့ပြီးသားပါ"

"ကျေးဇူးတင်ပါတယ်မား"

အိမ်ကို အမြန်ရောက်ဖို့ ကားကို
အရှိန်တင်မောင်းလာခဲ့သည်။
ဝမ်ရိပေါ်အိပ်နေဖို့ မျှော်လင့်ချင်ပေမယ့်
ဝမ်ရိပေါ်က မအိပ်ချင် ဘူးလို့
ပြောခဲ့တယ်မလား
အိမ်ရောက်တော့ Aidan  ကားပေါ်က မဆင်းသေးဘဲ မားဆီမလာခင်က ဝမ်ရိပေါ်နဲ့
Leon တို့ စကားများကို ပြန်၍ တွေးတောမိနေ၏

" Leon  ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွတ်ပေးပါ"

Leon က ခေါင်းခါတဲ့အခါ ဝမ်ရိပေါ်က
စိတ်ပျက်သွားဟန် ရှိသည်။
တံခါးဝကနေ Aidan က ဟန်မပြတ် ရပ်ကြည့်
နေရာကနေ စီးကရပ် တစ်လိပ်ကောက်ဖွာဖို့
တွေးမိသေးသည် သို့သော်
ထိုအငွေ့အသက်တွေရတဲ့အခါ ဝမ်ရိပေါ်
သူရပ်နားထောင်နေတာကို သိသွားပေလိမ့်မည်။

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now