uni
_______"ခွေးကောင် !!မင်းကို အရှင်မထားဘူး
ခွေးကောင်!!ရား !!"အော်ကြီးဟစ်ကျယ်နဲ့ ကောင်က
ရဲဆီကနေ နားရင်း တစ်ချက်ရိုက်ခံရတာတောင်
တိတ်မသွား ဝမ်ရိပေါ်ကို စူးစူးရဲရဲကြည့်
နေသည်။
ပိုက်ဆံသည် အရာရာ ဖြေရှင်းပေးနိုင်သည်
ထင်နေသော ထိုလူ၏ ဖခင်ဖြစ်သူဟာ
ဝမ်ရိပေါ်၏ စွမ်းအင်ကိုတော့ မကျော်လွန်နိုင်ခဲ့တရားခွင်ပြီးဆုံးသွားတော့ ဝမ်ရိပေါ်
ရှေ့နေ့လိုက်ပေးရသော လူဟာ ဝမ်ရိပေါ်အား ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ
ဆိုရင်း ထွက်ခွါသွားသည်။" ပင်ပန်းသွားပြီ"
"aidan ရောက်နေတာဘဲ"
"ဟုတ်တယ် တရားခွင် စပြီးခနနေတော့
ကိုယ်စောင့်နေတာ ခုထိဘဲ"ဝမ်ရိပေါ်ဟာ Aidan လက်ထဲက ကော်ဖီခွက်
ကို ယူပြီး စောင့်နေရတဲ့အတွက်
အားနာကြောင်းတော့ ပြောမလာ
ဆေးရုံမှာမအားတဲ့ ရှောင်းအစား
Aidan တစ်ယောက်ကတော့ အချိန်ပြည့်
ဝမ်ရိပေါ်အနား ပိုးမွှားကလေး တစ်ကောင်လို
ကပ်တွယ်နေတတ်ပြန်သည်။" Aidan ကို ကျွန်တော်လက်လန်တယ်"
"ဟာဗျာ ဝမ်ငယ်ကလည်းကိုယ်ဘာလုပ်လို့
လည်း"ဝမ်ရိပေါ်က ရှေ့ကလျှောက်နေရင်းကရပ်ပြီး
အနောက်လှည့်ကာ သူ့ထက် အရပ်အတော်
ပိုရှည်သော Aidan ကိုမော့ကြည့်လိုက်သည်။" ကျွန်တော့်နောက်ကို လိုက်နေလို့လေ"
" အာ "
ဂုတ်ကို ပွတ်ရယ်လာတဲ့
Aidan ဤသည်မှာ ဝမ်ရိပေါ်မရင်းနှီးသေးသော
Aidan ၏ ပုံစံအသစ်သာဖြစ်ပါသည်။
Aidan ဟာ ပိုရင်းနှီးလာလို့ ထင်ပါရဲ့
ဝမ်ရိပေါ်စိတ်ထဲ ရှောင်းနှင့်တူသည်
မခံစားရတော့
Aidan ဟာ Aidanသာဖြစ်သည်။" မရဘူးလား"
"မဟုတ်ပါဘူး "
ပြန်လည်တိတ်ဆိတ်သွားသောစကားသံတွေ
လျှောက်လမ်းဟာ အခြားသူများ၏ အသံများ ဖြင့် တော့ ဆူညံ့လျက်ရှိသည် ။
Aidan သည် မျက်စိရှေ့တွင်ရှိသော
ကျောပြင် သိမ်သိမ်လေးအား
သိမ်းကျုံး ဖက်ချင်လှသည်။
ဆံပင်အုပ်အုပ်လေးကြားသူ့လက်တွေဖြင့်
ထိုးဖွချင်လှသည်။
ဝမ်ငယ့်လက်ကို ဆွဲပြီး အရာရာဆီက
ထွက်ပြေးချင်မိသည်။
သို့သော် ဝမ်ငယ်ရွေးချယ်ရာဟာ
သူမဟုတ်ခဲ့ ....
![](https://img.wattpad.com/cover/321052569-288-k195816.jpg)
YOU ARE READING
「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮 」
Fanfiction𝘢𝘣𝘰𝘶𝘵 𝘵𝘩𝘦 𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮 𝘰𝘧 𝘴𝘶𝘮𝘮𝘦𝘳..... zнαиуι fαиfι¢тισи ιf уσυ ∂σ иσт ℓιкє ∂σ иσт яєαт му ѕтσяу σя мυтє мє. ∂σ иσт gινє мє αииσуιиg тнαик fσя яєα∂ιиg ,, ѕтαя∂ ∂αтє_9.5.2022 єи∂∂αтє....... @куαя_иgє