EP-4

889 65 15
                                    

uni

________

" အယ် ဝမ်ဝမ်ကလေးပါလား "

"ဟီး မားမား နေကောင်းလားဗျ"

ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ မားမားကို
ဖိနပ်ချွတ်ရင်း နှုတ်ဆက်နေတဲ့ ဝမ့်လက်ထဲက
အထုပ်တွေကို ရှောင်ကျန့် လွဲယူပေးလိုက်သည်။
ဒီကောင်လေးက လျှောက်ဝယ်လာပြန်ပြီ။

"ကောင်းတယ်ကွဲ့ ဝမ်ဝမ်ကလေးရော "

"ကျွန်တော်က ဒေါင်ဒေါင်မြည်ဘဲ"

"ဘာကို ဒေါင်ဒေါင်မြည်တာ လူကိုလဲကြည့်အုံး ပိစိလေးဘဲ ကျန်တော့တယ် "

"ရှောင်းကလဲ"

မားမားကို လက်မောင်းက ဗလကိုပြရင်း
ဒေါင်ဒေါင်မြည်ကြောင်းပြောနေတဲ့ ဝမ်ရိပေါ်ကို
ရှောင်းကျန့်က လှမ်းဆူတော့ ထိုကောင်လေးဟာ ကလေး တစ်ယောက်လို နှုတ်ခမ်းဆူလာသည်။ဒါကို မားမားက သဘောတကျနဲ့ ရယ်နေပါသေးသည်။

" အော်မေ့တော့မလို့ ရှောင်း အဲ့ဟာတွေ
ကျွန်တော့်ကို ပေး"

"ဘာတွေလဲ"

"မားမားအတွက် မုန့်တွေနဲ့ ချည်လုံးတွေလေ
မားက ဝါသနာပါတော့ "

ဝမ်ရိပေါ်က ချည်လုံးတွေ ထုတ်ရင်း
တစ်အိမ်လုံးမှာ နေရာယူထားတဲ့ ချည်ထည်
ပစ္စည်းတွေကြည့်ကာအီလည်လည်
ဆိုလိုက်တာမို့ ရှောင်းကျန့် မျက်နှာမှာ ပြုံးစိစိ ဖြစ်သွားသည်။ ဟုတ်တယ်လေ တစ်အိမ်လုံးမှာရှိသမျှ ပစ္စည်း ကို မားမားက ချည်လိုက်ထိုးနေတဲ့ဟာ

"ဝမ်ဝမ်ကလေးကလဲ ပိုက်ဆံတွေအလကား ကုန်အောင် ဖြုန်းနေတာဘဲ"

" ကိုယ့်မားမား အတွက် ဝယ်ပေးတာ က
ဖြုန်းတယ်လို့ ဘယ်ခေါ်မလဲ မားမားရဲ့"

"လူလည်လေး"

ရှောင်း ကျန့်မှာ ချစ်နေကြတဲ့ ချစ်သူနဲ့ အမေကို ပြုံးကာခေါင်းရမ်းရင်း မီးဖိုခန်းထဲ ထွက်လာ
လိုက်သည်။ ညစာ
တွေပြန်နွေးရမယ်လေ ဝမ်နဲ့အတူ ဆုံစားရတဲ့ ထမင်းက ရခဲတဲ့ဟာ
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရှေ့တွင်တည်ငြိမ်
ဟန်ဆောင်သလောက် မားမား နားတွင်တော့ ကလေး တစ်ယောက်လို ပြုမှုတတ်သည်။

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now