Uni
_______
"ဖေဖေ့ကို မုန်းတယ်..*sob* ဖေဖေ့ကိုမုန်းတယ်..!!"
ကြမ်းပြင်ပေါ်တွင် တွန့်လိန်ကာ ငိုယိုနေသော
ကလေးငယ်အားချော့မြူမည့်လူမရှိရှာ
ဖခင်ဟုထင်ရသူက ခါးထောက်ကြည့်နေ
သည်မှ အပ ငိုနေသော ကလေးကို
ချော့ချင်နေဟန်မပေါ်"ထစမ်း Aiden ! မင်းကို ဒီလို နေဖို့ဘယ်သူ က ခွင့်ပြုလို့လဲ !!"
"မုန်းတယ် ဖေဖေ့ကို မုန်းတယ် !!!!မေ့မေ့ကို ပြန်ခေါ်ပေး ညီလေးကိုရော *sob* ပြန်ခေါ်ပေး...!!!"
"တော်လောက်ပြီ !!!"
အာခေါင်ခြစ်အော်လိုက်သောကလေးကြောင့်
ဖခင်ဟာ နားကို ပိတ်ကာဟောက်သည်။
သို့သော် ထို အကြောမာလေး Aidenသည်
အလျှော့ပေးမည့်ပုံမပေါ်ပါ
ဖခင်ဖြစ်သူသာ လေပူတွေ မှုတ်ထုတ်ရင်း အလျှော့ပေးလိုက်ရသည်။" Leon !!"
"Yes ! Uncle Xiao "
သူ့ ခေါ်လိုက်တော့ တံခါးဝမှာ ရပ်နေတဲ့
ကောင်လေးက အလန့်တကြား
အသံပြုရှာသည်။"Aiden ကို အဖော်ပြုပေးလိုက် ခနနေ ရေချိုးထားကြ နှစ်ယောက်လုံး ညကြ
သွားစရာရှိတယ်""Ok "
ဆံပင်ဝါဝါတွေနဲ့ကောင်လေးက ပြေးလာပြီး
စကားအကုန်လုံးကို ဂရုတစိုက် နားထောင်ကာ
Okဆိုပြီး လက်လေးနဲ့ပါ လုပ်ပြသွားသေး
ကြမ်းပြင်ပေါ်က မျက်ရည်တွေရော နှပ်တွေပါ
ပွစိတက်နေတဲ့သားဖြစ်သူကို ကြည့်ပြီး
သက်ပြင်းချကာအလုပ်သွားရန်
ပြင်လိုက်မိသည်။အချိန်တွေက သူ့သားကို ကုစားသွားမှာပါ ဟုတ်ပါတယ်
အချိန်တွေက အရာရာ တိုက်စားသွားမှာပါ" မေမေ့ ကို ပြန်ခေါ်ပေးလို့!!"
"......"
" မေမေ့ကို ပြန်ခေါ်ပေး!!!!!!အား!!!"
" shut up Aiden!!! မင်းတော်လောက်ပြီ
သွား အခန်းထဲသွား ခါးပတ်စာ မမိချင်ရင်
ခုသွားတော့..!!""*sob* ဖေဖေ့ကို မုန်းတယ်!"
*ဒုန်း!*
"ဟင်း....."
အသံကျယ်လောင်စွာ ပိတ်ကျသွားသော
တံခါးကိုကြည့်ရင်း စိတ်ဓာတ်တွေပြိုလဲမသွားအောင် မနည်း ဆွဲထားရသည်။
ဘာအကြောင်း အရင်းရေရေရာရာ
မှမရှိဘဲ ကွဲခဲ့ရတဲ့ အိမ်ထောင်ရေးက ရယ်စရာကောင်းနေမလား မသိပေမယ့် အချစ်မရှိသောနေရာတွင် သူ မတည်မြဲလိုခဲ့ပါ ...
YOU ARE READING
「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮 」
Fiksi Penggemar𝘢𝘣𝘰𝘶𝘵 𝘵𝘩𝘦 𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮 𝘰𝘧 𝘴𝘶𝘮𝘮𝘦𝘳..... zнαиуι fαиfι¢тισи ιf уσυ ∂σ иσт ℓιкє ∂σ иσт яєαт му ѕтσяу σя мυтє мє. ∂σ иσт gινє мє αииσуιиg тнαик fσя яєα∂ιиg ,, ѕтαя∂ ∂αтє_9.5.2022 єи∂∂αтє....... @куαя_иgє