Ep-1

3.6K 144 36
                                    

Uni

__________

" ဟဟ အပိုတွေရယ် ကျွန်တော် အဲ့လောက် မချောဘဲနဲ့ "

ကားတွေ လူတွေ ရှုပ်ရှက်ခတ်နေတဲ့ ကြားထဲတွင်  ကောင်လေး တစ်ယောက်ကတော့ ကွဲပြားထွက်နေသည်။
ဖိုင်တွဲတွေ မနိုင်မနင်း သယ်ထားရပေမယ့်
ထိုလူရွယ်ဟာ စိတ်ရှုပ်ဟန်မရှိဘဲ နားကြပ်
တပ်ကာ လေလိုင်းထဲက အသံကိုဘဲအာရုံ
စိုက်ပုံ အသဲပုံ နှုတ်ခမ်းလေး
ထင်းနေအောင်ရယ်ရင်း သူ့အလုပ်သူလုပ်နေသည်။

" ကိုယ်တစ်ကယ်ပြောတာလာပိုးတဲ့ Nurses တွေ တောင် မင်းလောက် ရှုမဝဘူး "

"ဒီမှာ မစ္စတာရှောင်း အစားကို ကုန်
အောင်စား စကားကို
ကုန်အောင်မပြောရဘူးတဲ့
လာပိုးခံရတာကြွားချင်ကြွားချင်တယ်ပေါ့ "

" ဒီက doctor လူချော လေးကို ယုံစမ်းပါရှေ့နေလေးရယ် "

"ရှောင်းဆိုသည်မှာတစ်ကယ့်ကိုလိပ် ကိုယ့်
ဘက်ကိုယ်ယက်တဲ့လိပ်လေ"

"ဝမ့်ရဲ့မစ္စတာရှောင်းက ရင်ထဲကပါတာဘဲပြောတတ်တာပါ "

"မနိုင်ပါဘူးရှောင်းကို"

ဂျူတီနားချိန်လေး ဖုန်းလေးအပြေးအလွှား ဆက်ပြီးတီတီတာတာလုပ်လိုက်ရမှ ရှောင်ကျန့် တစ်နေ့တာဟာပြည့်စုံတာမျိုး
ရုံးထဲ အဝင်ကနေအစ အခန်းထဲ ရောက်တဲ့ထိ တပြုံးပြုံးဖြစ်နေတဲ့ ရှေ့နေ့ဝမ်ဟာ
အလုပ်လုပ်နေချိန်မှာတော့ သိပ်တည်ကြည်သူ
သို့သော် Xiao ဟုသော လူဆီမှ Message လေး တစ်စောင်များ ဖြစ်ဖြစ်သာ ရောက်လာရင် အမှုတွေစစ်ရင်းတောင် ပြုံးနေတတ်သူ
ဖြစ်သည်။

" ဝိုး ရှေ့နေ့ကြီး အစောကြီးပါလား "

" ဟုတ်ပါ့ မင်ဟွာ မနေ့က တောင်းထားတဲ့ ဟာတွေလာပေးတာလား "

"ဟုတ်ပါတယ်ဗျ "

အလိုက်သိတဲ့ ထို ကိုရီးယားကပြားကောင်လေးဟာ ထုံးစံအတိုင်း ရယ်ပြကာ လိုအပ်တာတွေ ထားခဲ့ပြီးအသာ ပြန်ထွက်သွားသည်။
ဝမ်ရိပေါ်က စားပွဲပေါ်က အမှုတွဲတွေစီနေရင်းမှ
နာရီကို တစ်ချက်ကြည့်တယ်

" နောက်မှ ပြန်ခေါ်လိုက်တော့နော် ရှောင်း "

"ဟုတ်ပါပြီဗျ "

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now