Ep-10

658 54 5
                                    

Uni

__________

"ဝမ် တစ်ကယ်ပြောနေတာလား "

"စနောက်စရာ ကိစ္စလား "

ဝမ်ရိပေါ်မျက်စောင်းထိုးတဲ့အခါ
မှိုရတဲ့ မျက်နှာဘေးနဲ့ ရှောင်းကျန့်မှာ
လောကကြီးအား အပိုင်ရထားသည့်နှယ်
အောင့်မေ့ရသည်။

ရှောင်းမားမားဟာ ပြုံးရွှင်ကာ ဝမ်ရိပေါ်ကို
အနားက အခွါမခံ သည်မှာ
ရှောင်းကျန့် ပင် ခင်ပွန်းလောင်းလေးနား
ကပ်မရ

"သား ဘာစားချင်လည်းမားကိုပြော"

မားမားက သူဖြစ်ချင်တာတွေဖြစ်ရတော့
ဝမ်ရိပေါ်ကို အလိုလိုက်နေတာ
ဝမ်ရိပေါ်ကလည်းသူ စားချင်တာတွေပြော
မားမား က ချက်ပေး အတိုင်အဖောက်တွေညီနေလိုက်ကြတာ
ရှောင်းကျန့် ရှိနေတာတောင်ထိုသားအမိ
နှစ်ယောက်မှာ သူ့ကိုစကားပြောဖော်မရတော့

"ရှောင်း လာထိုင်လေ "

"ကျွန်တော်မျိုးကို သတိရလို့ တော်ပါသေးရဲ့"

ထမင်းစားပွဲကနေ တူကို ပါးစပ်မှာကိုက်ရင်း
မျက်လူံးလေးတွေ အစရှာမရအောင်
ရယ်ပြလာတဲ့ ဝမ်က သူ့အတွက်
ခရစ်စမတ်မှာ ဘုရား သခင်
ကောင်းချီးပေးလိုက်တဲ့ အဖိုးတန်ဆုံး
လက်ဆောင် ကလေး ဖြစ်သည်။
တစ်ဘဝ စာ တစ်သက်စာ သံသရာတွေ
လည်ပတ်နေသ၍  မြတ်မြတ်နိုးနိုး
တန်ဖိုးထားပြီး ချစ်ပါ့မယ်

ညစာ ဝိုင်းလေးက အမြဲစိုပြေနေသည်။
မားမားရဲ့ ကြည်လင်နေသော အပြုံးတွေ
ဆောင်ယူပေးသူကလည်းဝမ်သာ
အမြဲ ဖြစ်ခဲ့ပါသည်။
ဒီကောင်လေးကို မှ အမြတ်တနိုးမချစ်ရင်
သူဘယ်သူ့ကို ချစ်ရမလဲ

"မားမား"

"ပြောလေ ဝမ်ဝမ်ကလေး "

"ရှောင်းကို ဒီည ကျွန်တော်ခေါ်ထားလို့ရလား
ဟင်"

"အမလေးတစ်သက်လုံး ခေါ်ထားလည်း
ဒီမအေက ခွင့်ပြုပါတယ်"

အားရပါးရ ပြောချလိုက်သော မားမားစကား
ကြောင့် ဝမ်ရိပေါ်က ပြောင်ချောင်ချောင်လေးနဲ့
ခေါင်း တစ်စက်စက် ငြိမ့်လာသော်လည်း
ရှောင်းကျန့်မှာတော့ ထမင်းတွေပင်
လည်ချောင်း မှာ နင်သွားရသည်။
ညကြ မားကို အသေအချာနှုတ်ဆက်ပြီး
ထွက်လာလိုက်သည်။

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now