Ep-13

626 41 0
                                    

Uni

________

လအနည်းငယ်မျှကြာမြင့်သောအခါ..

_____________

" Ting tong ~"

Leon ရယ်မောနေရာကနေ တံခါး Bell
သံကြောင့် ခါး မတ်ခနဲ ဖြစ်သွားသည်။
ထို့နောက် လက်ထဲကကော်ဖီခွက်ကိုချကာ
အိမ်ရှေ့တံခါးရှေ့တွေ အတော်ကြာ
ရပ်နေမိသည်။ သူတို့ဆိုဘယ်လိုလုပ်မလည်း...
Leon စိတ်လှုပ်ရှားစွာဘဲ တံခါးကို အနည်းငယ်
ဟပေးလိုက်မိတယ်
ထင်သည့်အတိုင်း သူမမြင်ချင်သော
ပုံရိပ်တို့ မျက်စိရှေ့ရောက်လာသည်။

" Leon ကျွန်တော်ပါ..."

"ဟင့်အင်း မလာနဲ့...!!"

"Leon  ခနလောက်နားထောင်ပါအုံး "

တံခါးကို အတင်း ဆွဲပိတ်တော့
ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် က ပြန်ခံတွန်းထား
သည်။ လူနှစ်ယောက် အားကို
ပြန်မတွန်းနိုင်တဲ့ leon မှာတော့ နောက်ဆုံးမှာ
အလျှော့ပေးလိုက်ရသည်။
တံခါး လုံးလုံးပွင့်သွားတော့ အိမ်အတွင်းပိုင်း
ထိ မဝင်စေရန် လက်နှစ်ဖက်ကို ဆန့်ကာတား၏

" sean ကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့"

Leon စကားကြောင့် ဝမ်ရိပေါ် မျက်ဝန်းကလေးများ ငြိုးငယ်သွားသည်။ သနားသော အားဖြင့်
ကြည့်နေတဲ့ အကြည့်တွေ Leon ကတော့
သဘောမတွေ့လှပါဘူး
သူတို့က အခုမှပျော်ကာစ Leon ဘဝလေးကို
လာဖျက်စီးချင်နေကြတာ
ဒီတစ်ခါတော့ သူ့ မြတ်နိုးရာကို သေးသေး
လေးမှ အထိအခိုက်မခံတော့ဘူး

"Leon စကားခနပြောရအောင် "

" ဟင့်အင်း ကျွန်တော့်ဆီက Sean ကို ထပ်အဝေးကို ခေါ်သွားရင်ဘယ်လိုလုပ်မလည်း"

ရှောင်းကျန့်က ဝမ်ရိပေါ် ပုခုံးကို ဖက်ထားရင်း
စိတ်မကောင်းလှစွာဘဲ အိမ်တစ်ခုလုံးကို
ဝေ့ဝိုက်ကြည့်နေသည်။
Leon က တော့ သူ့အရုပ်ကလေး
ထပ်ပြီးအလုခံရမှာကိုကြောက်နေသည့်
ကလေးနှယ် ထိတ်လန့် စိုးရွံလျက်ရှိသည်။

" ကျွန်တော်တို့ ဘာကိုမှ မလုယူပါဘူး"

" Sean ကို ထပ်ပြီးနာကျင်စေရင် .."

"Leon please "

" အင်း... "

နောက်ဆုံးတော့ စိတ်တည်ငြိမ်သွားဟန် ရှိတဲ့
Leonကြောင့် ရှောင်းတို့မောင်နှံ
ဝမ်းသာသွားသည်။ ထိုင်ခုံမှာ ထိုင်ပြီး
မိနစ်အနည်းငယ်လောက်ကြာမြင့်အောင်
အချိန်ယူနေရသည် ဒီစကားက Leon ကို တစစီ
ပေါက်ကွဲလွင့်စင်သွားနိုင်တယ်မလား
ရှောင်းကျန့်က သက်ပြင်းအခါခါ ချနေတဲ့ ချစ်ရသူ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပေးမိတယ် ဝမ်ကလေးရဲ့ စိတ်ဒဏ်ရာတွေ
ပြောက်ဖို့ သူ ဘယ်လောက်တောင် ကြိုးစားခဲ့ရလည်း Leon ဆိုရင်ရော ...

「𝘮𝘪𝘥𝘯𝘪𝘨𝘩𝘵 𝘥𝘳𝘦𝘢𝘮  」Where stories live. Discover now