2022ခုနှစ်....ယနေ့တွင် Off၏ မျက်နှာသည် ခါတိုင်းနှင့်မတူပဲ အပြုံးရိပ်တို့ ဖြစ်တည်နေလေသည်။ ကြည်လင်နေသော မျက်နှာအား တမာန်ကြည့်ကာ ပြုံးမိသည်။ ရာသီဥတုမှာလဲ မအေးမပူလေးဖြစ်၍ နေသာ ထိုင်သာ ရှိလှသည်။
"Off စိတ်ကြည်နေတယ်ပေါ့"
"ဟုတ်တယ် ငါရဲ့ကြင်ယာက ငါနဲ့ ပိုပိုပြီးရင်းနှီးလာပြီလေ ငါ သူနဲ့အတူရှိနေရင် ပျော်တယ် တမာန်"
"မင်းအတွက် ဝမ်းသာပါတယ်ကွာ နောက်ဆုံးတော့ ချစ်ရသူနဲ့ ပြန်ဆုံတွေ့ခဲ့ပြီပေါ့"
"တမာန်မင်းသိလား ငါသာ အရင်ဘဝက အဲ့ဒီ့နေ့ကို ရပ်လို့ရရင်ရပ်ပစ်ခဲ့မှာ ငါအတိတ်ကိုပြန်သွားလို့ရရင် ငါသူ့ကို လက်ထပ်ခဲ့မိမှာ မဟုတ်ဘူး ငါ့ကြောင့် ဒီကိစ္စတွေဖြစ်ပျက်လာခဲ့တာ"
"အဲ့လိုမတွေးနဲ့လေ Offရယ် မင်းသာ မင်းသားAtthaphan Phunsawat ကို လက်မထပ်ခဲ့ရင် သူကလဲ မင်းကြင်ယာဖြစ်မလာသလို ဒီရာဇဝင်လဲရှိလာခဲ့မှာ မဟုတ်တော့ဘူးလေ''
"ငါ့ရဲ့ အဲ့ဒီ့လုပ်ရပ်က အတိတ်မှာ အဆိုးဝါးဆုံးလုပ်ရပ်ပဲ တမာန်"
"ကံကြမ္မာက ဖြစ်စေခဲ့တာပါ မင်းမမှားခဲ့ပါဘုးကွာ"
တမာန် နှင့် Offတို့သည်လဲ စကားစတို့ကိုရပ်ကာ တိတ်ဆိတ်နေကြတော့သည်။ ကံကြမ္မာတို့၏ စတင်ရာဖြစ်ခဲ့သော နေ့ရက်လေးကလည်း သူတို့၏ အတွေးထဲဝယ် ဝင်ရောက်နေရာယူနေလေတော့သည်။
1622ခုနှစ်. ကောဝီ့ပြည်........
အရှင့်သား Adulkittiporn သည် တိုင်းပြည်သို့ပြန်ရောက်သည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ဓားရေး လှံရေး တိုက်ရေးခိုက်ရေးများကိုသာ လေ့ကျင့်ရင်း၊ တခါတလေ၌တွင်လည်း ဖခမည်းတော်၏ တိုင်းရေးပြည်ရာများကို ဝင်ရောက်စီမံရင်း အိမ်ရှေ့စံတစ်ပါးပီသစွာ နေထိုင်ခဲ့သည်။
ဩဇာညောင်းလှစွာသော အရှင့်သားကြောင့် တိုင်းပြည်အတွင်း လာဘ်စားမှု၊ ခိုးမှု၊ လုယက်မှု၊ ခေါင်းပုံဖျက်မှုတို့ ပပျောက်ခဲ့သည်။ တွေ့သမျှ အမှုတိုင်းအား သက်ညှာခြင်းမရှိဘဲ ရက်စက်စွာပင် အပြစ်ဒဏ်ချမှတ်၍ အရှင့်သားအား ပြည်သူများက ကြောက်ရွံ့ရလေသည်။
YOU ARE READING
ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan Phunsawat