EP 3 ပထမဆုံးတွေ့ဆုံမှု

111 12 2
                                    

အနီရောင်ကော်ဇော၏ လျှောက်လမ်း တဖက်တချက်ဆီတွင် မှူးကြီးမတ်ရာများ ဆွေတော်မျိုးတော်များဝန်းရံလျက်။ ထိုကဲ့သို့ ဂုဏ်သရေရှိလှစွာသော ဧည့်ပရိသတ်များသည် ကောဝီ့ပြည်တို့ ပြန်လာခဲ့သော အရှင့်သား Adulkittiporn ၏ အကြောင်းအား စကားစမည်ပြောရင်း အရှင့်သားကိုလည်း ချီးကျူးလျက်ရှိကြသည်။ ခန့်ညားသော အသွင်ဖြင့် အရွယ်ရောက်လာခဲ့သော အရှင့်သားအား သမီးရှင်များကလဲ မျက်နှာပြလျက်။

ဘုရင်သည်လဲ သားတော် Adulkittipornအား မိမိ၏ပုလ္လင် ဘေးဝယ် အထူးစီမံထားခဲ့သည့် အိမ်ရှေ့စံတို့၏ နေရာဖြစ်သော ရွှေခြင်္သေ့၏ ဦးခေါင်းပုံဖြင့် သွန်းလုပ်ခဲ့သော ရွှေပုလ္လင်ထက်တွင် သားတော်ကို ထိုင်စေကာ ကြိုဆိုခြင်း အမှုပြုခဲ့လေသည်။

"သားတော် ဒီက မင်းသမီး အေသီနာကို မှတ်မိရဲ့လား "

"ဟုတ်ကဲ့ ဖခမည်းတော် သားတော်မှတ်မိပါတယ်"

"အကိုတော်က အရမ်းကြည့်ကောင်းလာတာပဲ"

"ကျေးဇူးပါ အေသီနာ အရှင့်သားလို့ပဲခေါ်ပါ မင်းနဲ့ငါက မောင်နှမမှ မတော်စပ်တာ"

"အမ်....ဪ...ရ..ရပါတယ် အရှင့်သား"

"သားက စိမ်းကားနေတာပါ သမီးရယ် ပြီးတော့ သမီးတို့က မောင်နှမ တော်စပ်မှာမှမဟုတ်တာ ဟုတ်တယ်မို့လား "
အရှင့်သား Adulkittiporn၏ မယ်တော်ဖြစ်သူက သားတော်ပြောသော စကားများအား လိုက်လံဖြေဖြန်ရပြန်သည် စကားပြောရင့်သီးသော သား‌တော်ဖြစ်သူ Adulkittiporn ကို မယ်တော်တို့ သက်ပြင်းချမိပြန်သည်။

"ရပါတယ် မယ်တော်မိဖုရား ကလည်း သမီးတော် နားလည်ပါတယ်"

အေသီနာ မင်းသမီးသည် မင်းသား Atthaphan Phunsawat၏ အမတော်ဖြစ်သည့် အပြင် အရှင့်သား Adulkittiporn နှင့် မိဘချင်း သဘောတူထားးခဲ့သည့် မင်းသမီးတစ်ပါးလည်းဖြစ်သည်။

သို့ရာတွင် အရှင့်သားက အေသီနာတို့ တစ်မိသားစုလုံးအား ခပ်ကင်းကင်းသာနေပါသည်။ ငယ်ရွယ်စဉ်အခါက မင်းသား Atthaphan Phunsawat နှင့် ကစားဖော်ကစားဖက် ဖြစ်ခဲ့ဖူးသော်လည်း အရွယ်ရောက်လာသည်နှင့်အမျှ လူတိုင်းအား ခပ်ခွာခွာပင် ဆက်ဆံခဲ့သည်။ သို့ရာတွင် မင်းသား Atthaphan Phunsawat ကိုတော့ သူအလေးပေးခဲ့ပါသည်။

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now