EP 18 စစ်ပွဲ

67 12 8
                                    


(ကိစ္စတွေက ရက်ပိုင်းအတွင်း မယုံနိုင်အောင်ပြောင်းလဲခဲ့တယ် Gun ဘာလို့ ဒီစာအုပ်ကို ဆက်ဖတ်နေမိလဲ ကိုယ့်ဟာကို နားမလည်ဘူး Gun အတိတ်ဘဝကို မှတ်မိပြီဆိုပေမယ့် အကုန်လုံးတော့မမှတ်မိသေးပါဘူး အမှန်ဆို ကိုယ့်ရာဇဝင်ကို ကိုပြန်ဖတ်နေမိတာ ရယ်ရသားပဲ ဖတ်ရတာတော့မဆိုးပါဘုး ဒါ ဟိုလူထုတ်ထားတဲ့စာအုပ်ပဲ ခများက ဒီထဲမှာတော့ အမှန်အတိုင်းရေးထားသားပဲ ကျွန်တော် ခံစားခဲ့ရတာတွေကို တခြားသူတွေသိရတာပေါ့ ခများ ဘယ်လောက်တောင်ရက်စက်ခဲ့လဲဆိုတာ.... သုတေသနလည်း ပြီးတော့မှာဆိုတော့ နောက်ထပ် ဒီစာအုပ်ကို ထပ်မဖွင့်တော့ဘုး ရင်နာရလို့ ...ဒါနဲ့ အခုတလော မဏ္ဍိုင်ကို မတွေ့မိဘူး သူကကျွန်တော်နဲ့ သုတေသနဆက်မလုပ်ဖြစ်တော့ဘူးလေ ဒီကောင် ဘယ်ပျောက်နေပါလိမ့် အိမ်ကိုလည်း မလာတော့ဘုး ဖုန်းကလည်း ပိတ်ထားတယ် ဒီကောင်မဟုတ်မှလွဲရော ကျွန်တော့်ကို ကြောက်သွားတာလား Atthaphan Phunsawat ဆိုတာကို လန့်သွားတာလား...မဏ္ဍိုင်ရယ် ငါ့မှာ သူငယ်ချင်းဆိုလို့ မင်းပဲရှိတာ....ကျစ်...ဒါတွေအကုန်လုံး ခများကြောင့် Off...!)

Gunသည် နာကျင်နေသည့်အတိတ်မှ အတင်းရုန်းထွက်ခဲ့သည်။ မျက်ရည်များ အစား အေးစက်ခြင်းများကိုသာ အစားထိုး ဝင်ရောက် စေခဲ့သည်။ တကယ်ပဲ Gunက နာကျင်မှုတွေက လွတ်မြောက်ခဲ့ပြီလား.. ဒါကိုလည်း Gunပဲ သိပေလိမ့်မည်။

တစ်နေ့တာကို ကောင်းမွန်စွာ လှည်ပတ်လျက် အရင်အတိုင်းဆက်လက်၍သာ မိမိ၏ လုပ်စရာရှိသည်များကို အာရုံစိုက်ခဲ့တော့သည်။ဝါသနာပါရာများကို လုပ်ရင်း... Offကိုလည်း သတိမရအောင် ကြိုးစားရင်းပေါ့ Gunသည် သူအဆင်ပြေနေပြီဆိုသည်ကို လောကကြီးအား သိစေချင်သည်...ကြင်ယာတော် Atthaphan Phunsawat သည် ပြဿနာကို‌ ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့သော်လည်း Gunကမူ လစ်လျှူရှု၍သာ နေလိုက်သည်
သူနာကျင်ရပေါင်းများပြီဖြစ်၍ ဆက်ပြီး မရဲရင့်ချင်တော့ပေ.

တခါတခါ ရည်းစားဖြစ်စဉ်က Off၏ အပြုအမူများ၊ Off၏ အပြုံးများကို လွမ်းသယောင်ရှိပေမယ့် အရှင် Adulkittiporn ၏ ရက်စက်မှုများကို အစားထိုး ဖိတွေးခဲ့ရင်း သတိရမှုများအား နာကျင်မှုအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now