EP 10 ကြင်ယာတော်က ကို့ရင်ထဲမှာ အမြဲရှင်သန်နေတယ်

106 14 4
                                    


(Gunတစ်ယောက် ဒီနေ့ လှုပ်လှုပ်ရွရွဖြစ်နေတာလေ မှန်ကြည့်လိုက် အကျီပြန်ရွေးလိုက် ပြန်သိမ်းလိုက် မှန်ရှေ့ရပ်လိုက်နဲ့ မျက်စိကို နောက်နေတာပဲ ဒီကောင် အကိုOffကို ဘယ်တုန်းကတည်းက စချစ်နေမှန်းတော့မသိဘူး ဒါမဲ့သူ့အချစ်တွေကို ကျွန်တော်မြင်ရပါတယ် အခုတလော အကို Offက ပျောက်ချက်သားကောင်းနေတာလေ အကိုတမာန်ကို မေးတော့လည်း အလုပ်ရှုပ်နေတယ်ချည်းပြောတယ် Gunကလည်း ဇွတ်တွေ့ချင်နေတော့တာ မဟုတ်မှလွဲ အကို Offက ရည်းစားရနေတာလား မဖြစ်နိုင်ပါဘူး ခင်ကြတာ မကြာသေးဘူးဆိုပေမယ့် အကို Offက အမြဲလိုလို ဝမ်းနည်းနေတတ်တယ် ရည်းစားရှိပုံလည်း မပေါ်ပါ့ဘုး အကိုတမာန်ကလည်း အမြဲ တွေးတွေးဆဆနဲ့ပဲ  သူတို့ကြည့်ရတာ တခုခုကိုကြုံတွေ့နေရသလိုပဲ ထားပါလေ အခု Gun လှုပ်ရွပြီး မနက်ကတည်းက ပြင်ဆင်နေတာတဲ့အကြောင်းက အကို Offတို့က နယ်ဘက်ကို လုပ်အားပေးသွားမှာတဲ့လေ အကိုတမာန်က  ကျွန်တော်တို့ကိုပါ ခေါ်ထားတယ် အဲ့ကြောင့် ဟိုကောင့် မျက်နှာက မြူးတူးနေတာလေ ဒါမဲ့ သူ့သာ ပြောတာပါ ကျွန်တော်လည်း ပျော်နေတယ် ဟီး အကိုတမာန်နဲ့တွေ့ရမှာမို့လေ အကိုတမာန်က တခုခုဆို ကျွန်တော့်ကို ဦးစားပေးတယ်လေ ငယ်ငယ်ကတည်းက ဦးစားပေးခြင်းမခံရတဲ့ ကျွန်တော့်အတွက်တော့ အဲ့ဒါက ရတနာတစ်ခုလိုပါပဲ အကို့အပေါ် စိတ်ဝင်စားနေမိပြီထင်ပါတယ် ဟူးး)

Off၏ ကျန်းမာရေး အခြေအနေကြောင့် တမာန်သည် Gunတို့နှင့် တွေ့ရန် Offအား တားမြစ်ထားခဲ့ခြင်းဖြစ်သည်..အခုလက်တလောတွင် Offသည် သူ၏ကြင်ယာတော်အား လွမ်းဆွတ်မှုတို့က ပြင်းထန်နေခဲ့သည်။ ထို့ကြောင့် Gunတစ်ယောက် Offနှင့် မတွေ့ရသည့် ရက်များက များပြားနေပြီဖြစ်၍ ဤကဲ့သို့  လှုပ်လှုပ်ရွရွ ဖြစ်နေရခြင်းပင်။

"မဏ္ဍိုင် မင်းမျက်နှာကြီးက ဘာလို့ ဖြီးနေရတာလဲ"

"ဟဲ...အဲ့တာက...အဲ့သလိုရှိတယ်လေ မင်းက သူများသာပြောတာ မင်းကျ မနက်ကတည်းက ပြင်ဆင်နေတာ လုပ်အားပေးသွားမှာလား အလှပြပြိုင်ပွဲသွားမှာလား မသဲကွဲဘုး"

"ဘယ်လိုဖြစ်နေတာလဲ ငါ အကို Offနဲ့မတွေ့ရတာ ကြာနေပြီ ငါလွမ်းတယ်ကွ ငါသူ့ကိုတခါလောက်တော့ ပြေးဖက်ချင်တယ်"

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now