EP 23 ကျိန်စာပြေရန်

60 11 4
                                    


ရာသီတွေ အလီလီပြောင်းခဲ့သော်လည်း သူတို့၏ အချစ်တို့က မပြောင်းလဲခဲ့သေးပေ...သူ့အား ချစ်ခဲ့ပါသည်ဟူသော အရှင့်အား သူလွမ်းသည် သူသတိရသည် သူတွေ့ချင်သည်....အရှင်က သူ့ကို ဒီလောက်ထိချစ်ခဲ့သည်ဟူသည်ကို သိခဲ့ရ၍ လွဲချော်နေသော ကံကြမ္မာကြီးကို အပြစ်တင်ချင်မိသည်..  ဝမ်းနည်းမှုများက Gun အတွက်တော့ အဖော်မွန်ကောင်းဖြစ်နေဆဲပင်..
Off ၏ ဒိုင်ယာရီစာအုပ်လေးအား ပိုက်ရင်း အတိတ်မှ အကြောင်းအရာများကို ကြားသိခဲ့ရသော သူ၏ ခန္ဓာကိုယ်လေးသည် ဝမ်းနည်းမှုများဖြင့် တသိမ့်သိမ့် တုန်နေကာ ငိုကြွေးနေခဲ့သည် ဘေးမှ တမာန် တဖြစ်လဲ ချိုင်သည် စိတ်မကောင်းဖြစ်စွာဖြင့် ပခုံးလေးအား ထိန်းကိုင်ပေးရင်း နှစ်သိမ့်မိသည်...

"ဟင့်...ချိုင်...ချိုင် ...ဒါ‌တွေ ..ဒါတွေ အကုန် အမှန်တရားတွေလား..."

"ဟုတ်ပါတယ် မင်းသား.. အရှင်က မင်းသားကို အရမ်းချစ်ခဲ့တာကို ကျွန်တော်မျိုးသိခဲ့ရပါတယ် မလိမ်ညာတမ်းဝန်ခံရရင် မင်းသားကို နာကျင်စေခဲ့တဲ့ အရှင့်ကိုစိတ်ဆိုးမိပါတယ် ဒါပေမယ့် ဒီလို ကိစ္စတွေသိခဲ့ရတော့ အရှင့်ကို သနားမိခဲ့ပြန်တယ် "

"မင်းငါ့ကို ဘာလို့မပြောပြခဲ့ရတာလဲ ချိုင်.....! "

"အခုရော သိချင်သေးရဲ့လား မင်းသား အရှင် Adulkittiporn က သူရဲ့ကြင်ယာ‌တော် Atthaphan Phunsawatကို ဘယ်လောက်ချစ်ခဲ့လဲဆိုတာကို နားထောင်ချင်သေးရဲ့လား မင်းသား"

"အင်း ငါအကုန်နားထောင်ချင်တယ် ပြောပြပါ....ငါအကုန်သိချင်တယ် သူငါ့ကို ဘယ်လောက် ချစ်ခဲ့လဲဆိုတာကို"

Gunသည်လည်း မျက်ရည်များအား သုတ်ကာ အတင်းတောင်းဆိုမိခဲ့သည်....သူ၏ အရှင့်အပေါ် ယုံကြည်ခြင်းများက တစတစဖြစ်တည်လာခဲ့လေသည်...သူ အရှင့်ကို နောက်တကြိမ် ယုံကြည်ချင်ခဲ့ပြန်သည်

"အရှင်က မင်းသားအတွက်ဆိုပြီး အဲ့ဒီ တောထဲက အိမ်လေးကို သူကိုယ်တိုင် စီမံဆောက်လုပ်ခဲ့တာပါ ပန်းပင်တွေကလည်း မင်းသား အကြိုက်တွေချည်း စိုက်ပျိုးခဲ့တာပါ ပြီးတော့ မင်းသားက ယုန်ဖြူလေးတွေကို ချစ်မှန်းသိလို့ အသန့်ကြိုက်တဲ့ အရှင်ကိုယ်တိုင်က မကြောက်မလန့် မငြီးမငြူဘဲ ယုန်ဖြူလေးတွေကို မင်းသားမရှိတော့တဲ့ နောက်ပိုင်း ပြုစုယုယပေးခဲ့တာ၊ ပြီးတော့ မင်းသားနဲ့ ကျွန်တော်မျိုးတို့ ဖောက်ပြန်နေပါတယ်ဆိုတဲ့ သတင်းကို မပြန့်အောင် အရှင်ကိုယ်တိုင်ကပဲ ကာကွယ်ပေးခဲ့တာ. ပြည်သူတွေရဲ့ အတင်း အဖျင်း စကားတွေကြားရင် မင်းသား စိတ်မကောင်းဖြစ်မှာမို့ဆိုပြီး....သူကိုယ်တိုင် ပိတ်ပင်ခဲ့တာ."

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now