EP 1 သူ၏ကြင်ယာ

266 23 2
                                    

လူပေါင်းများစွာ တရုန်းရုန်းဖြင့် ချွင်ချွင်မြည်နေသော ဓား သံ တချို့ကြောင့် ကျွန်တော့်ကိုယ်လေး ဇက်ခနဲ တုန်မိသည်။ ဖုန်လုံးကြီးများအလည်တွင် သံချပ်ကာဝတ်ထားသော စစ်သည်ရဲမက်တချို့က ဓားကိုယ်စီဖြင့်။

ဆူညံနေသည့် မြင်းများ၏ အော်မြည်သံ လူအများ၏ "တိုက်ကြ၊ အသေသတ်ကြ" ဟူသော အသံများမှာလဲ ကျွန်တော့်နားနှင့်ပင် မဆန့်အောင် ကြားနေခဲ့ရသည်။တချို့စစ်သည်များက မြေပြင်ပေါ်တွင် ကျရှုံးလျက်၊‌သွေးထွက်သံယိုများဖြင့်၊
မြင်းများမှာလဲ ပိုင်ရှင်မဲ့စွာ အော်မြည်လျက် ထိုမြင်ကွင်းများကို ကျွန်တော်ကြည့်နေရင်း အသက်ရှူတို့မြန်လာခဲ့ရသည်။ ကြောက်လန့်နေမိခဲ့ရသည်။

ကျွန်တော်ကြောက်လန့်နေသည့် အချိန်တွင် သွေးချင်းနီရဲနေသည့် လူပုံကြားထဲမှ ရဲရင်စွာ ပေါ်ထွက်လာတဲ့သူ၊ သူ့မျက်နှာကို ကျွန်တော်ရှင်းလင်းစွာ မမြင်ခဲ့ရချေ။ သူဘယ်သူလဲ မသိပေမယ့် သူ၏ ရန်သူများကို သတ္တိရှိရှိတိုက်ခိုက်နေသည်မှာ ကျွန်တော်ထင်သည် ဤလူသည် အရှင်တစ်ပါးဖြစ်လိမ့်မည်။ သူ၏အမိန့်အာဏာစက် အောက်မှာ သူ၏ တပည့်စစ်သည်ရဲမက်များကလဲ ခေါင်းဆောင်အတိုင်းပင် တုံ့ဆိုင်းမှုမရှိပဲ တိုက်ခိုက်နေကြသည်။

ထိုသူသည် တဖက်ရန်သူ၏ ဘုရင်ဖြစ်သူနှင့် ထိပ်တိုက်ရင်ဆိုင်ကာ တဖက်ရန်သူ၏ ဘုရင်အား အနိုင်ပိုင်းခဲ့သည်ကို ကျွန်တော် မင်သက်စွာဖြင့် အကြာကြီး ငေးကြည့်မိသည်။ ထို့နောက် လဲကျသွားခဲ့သော ရန်သူဘုရင်၏ ခန္ဓာကိုယ်ပေါ်အား သူ၏ ခြေတဖက်တင်ကာ ဝင့်ကြွားစွာရပ်နေခဲ့သည်။

ကြောက်ရွံ့စရာကောင်းသော တိုက်ပွဲဖြစ်သော်လဲ ကျွန်တော် မင်သက်စွာ မတ်တပ်ရက်လျက် ထိုတိုက်ပွဲ၏ အလယ်တွင် ထီးထီးကြီး ရှိနေခဲ့သည်။

ထိုတိုက်ပွဲကြားမှ ထိုသူကိုငေးနေမိသည်။ ကျွန်တော်ကြည့်နေစဉ်အတွင်းမှာပင် ထိုသူ သတိမထားမိလောက်မည့်နေရာမှ သူ့အား မြှားတစ်စင်းချိန်ထားသည့် တဖက်ရန်သူတစ်ယောက်ကို ကျွန်တော်မြင်ခဲ့သည်။ဘယ်သူမှန်းမသိပေမယ့် သူထိခိုက်မည်ကို စိုးရိမ်မိသည်။

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now