EP 5 မင်္ဂလာပွဲ

110 13 2
                                    


(Offရဲ့အခြေအနေက ထင်ထားတာထက် တိုးတက်လာတယ်လို့ ပြောရမယ် ကျွန်တော်ထင်တာက သူ မင်းသား Atthaphan Phunsawatနဲ့ ပြန်တွေ့ရင် ပိုပြီး စိတ်ထိခိုက်လိမ့်မယ်လို့လေ အခုတော့ သူက မင်းသား Atthaphan Phunsawat တဖြစ် Gunနဲ့ပျော်နေလေရဲ့ ကျွန်တော်ထင်တယ် ဒီကောင် Gunကိုပါ သဘောကျနေပြီထင်တယ် မင်းသား Atthaphan Phunsawat မဟုတ်တဲ့ Gunကိုပေါ့။
အခုလဲ Gunနဲ့ သူ့ရဲ့ သူငယ်ချင်း မဏ္ဍိုင်က ကျွန်တော်နဲ့ Offကို မုန့်လိုက်ကျွေးပါမယ်ဆိုလို့ ထွက်လာခဲ့တာ အခုတော့ ကျွန်တော်နဲ့ မဏ္ဍိုင်က အပယ်ခံတွေလိုပါပဲ ပုံမှန်ဆို ကျွန်တော်တို့က ဂျူနီယာတွေနဲ့ အခုလိုရောရောနှောနှော မနေပါဘူး အခုက အထူးပုဂ္ဂိုတွေလေ ဟိုGunရဲ့ သူငယ်ချင်း မဏ္ဍိုင်ကလဲ ချစ်ဖို့ကောင်းသား ဘာလို့လဲမသိပါဘူး ကျွန်တော်လဲ သူနဲ့ရှိရင် မပျင်းရပြန်ဘူး တော်သေးတာပေါ့ သုံးဘီးဖြစ်ရတာတောင် အဖော်နဲ့မို့)

"အကို Off ကြည့်ရတာ ပိန်လိုက်တာ များများစားပါဗျ"

"အကိုက အရင်ကတည်းက ဒီပုံစံပဲလေ Gunကလည်း"

"ဒါမဲ့ အကိုတမာန်တောင် တောင့်တောင့်ဖြောင့်ဖြောင့် အကို Offကကျ ပိန်ပြီး သေးသွယ်နေတယ်"

"Gunက အကို့ထက်တောင် သေးတာပဲ Gunသာ များများစား"

"ဘယ်သူမစားကြနဲ့ ကျွန်တော်ပဲ စားလိုက်မယ်"

"မဏ္ဍိုင်..!! မင်းဟာလေ"

"ဘာဖြစ်လဲ"

"စားပါစေ Gunရဲ့"

"အကိုတို့ မသိလို့ ဒီကောင်က အစားဆို လှည်းနဲ့ တိုက်ခဲ့ဆိုတဲ့ကောင်ဗျ"

"Gunမင်းကတော့လေ ငါ့ဆို ပြောဖို့ချည်း မင်းမကျွေးချင်နေပေါ့ ငါ့ဟာငါဝယ်စားနိုင်တယ်"

"စားပါ မဏ္ဍိုင်ရယ် အကိုဝယ်ကျွေးပါ့မယ် Gunက Offကို  ဝယ်ကျွေးတာဆိုတော့ အပြန်အလှန်အနေနဲ့ ဒီက အကိုတမာန်က မဏ္ဍိုင် ကိုဝယ်ကျွေးပါ့မယ်"

"ရေးးးး အကိုတမာန်ကမှ မင်းထက်ကောင်းသေး Gun"

သူငယ်ချင်းဖြစ်သူ Gunမှာလဲ မဏ္ဍိုင်အား မျက်စောင်းထိုး၍ နှုတ်ခမ်းသာ ထော်ပြလိုက်လေသည်။ ဒါကို ကြည့်နေတဲ့ Offကတော့ အူယားလို့မဆုံးပေါ့။

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now