EP 15 အတိတ်အား သတိရခြင်း

84 14 8
                                    


2022.... ခုနှစ်

(Gun အခုနောက်ပိုင်း  ကြင်ယာတော် Atthaphan Phunsawat ရဲ့ ပြတိုက်ကို ခနခနရောက်ဖြစ်နေတယ် ညဘက်ဆို အရင်က မက်မက်နေတဲ့ မြှားစိုက်ပြီး သေဆုံးခဲ့ရတယ်ဆိုတဲ့ အိမ်မက်ဆိုးတွေက လွတ်မြောက်ခဲ့ပေမယ့် ကြင်ယာတော် Atthaphan Phunsawatက အိမ်မက်ထဲမှာ ငိုနေတာကို အမြဲတွေ့ရတယ် မဟုတ်မှလွဲ သူကျွန်တော့်ကို တခုခုများပြောချင်နေတာလား အဲ့လိုကိစ္စတွေမယုံဘုးဆိုပေမယ့် Gun ကတော့ အကြောင်းပြချက်မရှိ ဒီပြတိုက်ကို ခနခနလာဖြစ်နေတယ် ဒီနေ့တော့ မဏ္ဍိုင်လည်း အတူလိုက်ခဲ့တယ်လေ အကို Off တို့နဲ့လည်းချိန်းထားရင်း Gunတို့ နှစ်ယောက် ပြတိုက်ကို လှည့်ပတ်ကြည့်နေဖြစ်တာပေါ့)

"Gun ဟိုအခန်းကိုတွေ့လား ငါတို့ကို မဝင်ဖို့ တားမြစ်ထားတဲ့အခန်းလေ"

"အေးတွေ့သားပဲ အဲ့အခန်းက အရမ်းပဲ ဆွဲဆောင်တယ်နော်"

"မင်းဝင်ချင်နေတာမို့လား"

"မဝင်ချင်ဘူးပြောရင် လိမ်ရာကျ‌မှာပေါ့ ဒါမဲ့မကောင်းဘူးလေ ဆန္ဒကို သိက္ခာနဲ့ထိန်းရမယ်"

"ဘာဖြစ်လဲကွာ မင်းက ဒီပြတိုက်က ‌သုတေသနပညာရှင် အကို Off၏ ချစ်သူပဲကို ဝင်လို့ရလောက်မှာပါ"

"ငါမဝင်ရဲဘူးကွ အကိုစိတ်ဆိုးမှာကြောက်တယ်"

"မင်း ‌အတော် လင်ကြောက်ပဲ မင်းမဝင်နေပေါ့ ငါသွားမယ် လူလစ်တုန်း"

"ဟျောင့် ...မဏ္ဍိုင်...."

"ဘာတုန်း.."

"ငါလည်းလိုက်မယ်လို့ စောင့်အုံးလို့...ဟဲ..."

"ခွေးသား"

"အေးပါ မင်းကလည်း ငါ့သူငယ်ချင်းဆိုတော့ မင်းလည်းခွေးပဲ''

နှစ်ယောက်သား ခိုးကြောင်ခိုးဝှက်ဖြင့် သူတို့မျက်စိကျနေခဲ့ရသည့် ထိုတံခါးဆီသို့ ခြေလှမ်းတို့ တိုးတိတ်စွာဖြင့် ဦးတည်ခဲ့သည်။
သစ်သားပေါ်တွင် မည်းနက်သော ရေနံများ သုတ်ထား၍  ပြောင်လက်ကာ ကနုတ်ပန်းများဖြင့် အလှဆင်ထားသည့် တခါးဝအား ဖွင့်ကြည့်တော့..

"ဟျောင့် ငတုံး မင်းဒီတံခါးကို ဒီအတိုင်း ဘယ်သူကထားမှာလဲ သော့တွေဘာတွေရှိမှာပဲ"

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now