EP 25 ကံကြမ္မာ တပတ်လည်ခြင်း

66 12 8
                                    

တမာန်၏ ပြုစုစောင့်ရှောက်မှုဖြင့် တဖြေးဖြေး နလန်ထူလာခဲ့သော မဏ္ဍိုင်သည် အရင်လို ညိုးနွမ်း‌ မနေတော့ပဲ ကြည်လင် လန်းဆန်းလာခဲ့သည်။ တမာန်၏ ဂရုစိုက်မှု ကြင်နာမှုများကြောင့် ထပ်၍ အထီးမကျန်ခဲ့တော့ချေ ညဘက်‌ အိမ်မက်ထဲသို့ ရောက်လာတတ်သည့် ကောရဏီ မင်းသမီးသည်လည်း တမာန်ကို ကြောက်၍လားမသိ မဏ္ဍိုင်၏ အိမ်မက်ထဲသို့ ရောက်မလာခဲ့တော့ချေ။ အချစ်၏ စွမ်းပကား ပေလော....။

"အကို.....!"

"ပြောလေ...မဏ္ဍိုင်ရဲ့...ဘာပြောချင်လို့လဲ.."

"အကို ကျွန်တော့်ကို ဘာလို့ အခုလို ကူညီနေရတာလဲ အမှန်ဆို အကို Offက အကို့သူငယ်ချင်းလေ. ကျွန်တော်က အကို့သူငယ်ချင်းကို ဒုက္ခ ရောက်စေခဲ့တဲ့သူပါ "

"Offက ကို့ သူငယ်ချင်းဟုတ်တယ် ဒါပေမယ့် မဏ္ဍိုင်က...!"

မဏ္ဍိုင်သည်လည်း မျက်လုံးများပြူးကာ သူ့အား မျှော်လင့်ချက်ကြီးစွာဖြင့်ကြည့်ရင်း နားထောင်နေခဲ့သည်။
သူမျှော်လင့်ခဲ့ရသည့် စကားတစ်ခွန်းပဲ မဟုတ်ပါလား...!

"မဏ္ဍိုင်ကကျ..ဘယ်သူမို့လို့လဲ..?"

"မဏ္ဍိုင်ကကျ ကိုချစ်ရတဲ့သူမို့လို့ပေါ့ ..."

"တ..တကယ်လား အကို...!.."

အာမေဋိတ်တစ်ခုက ပါးစပ်မှ အစီအစဉ်မကျ တုန်လှုပ်ကာ ထွက်သွားခဲ့သည်...

"ကိုမင်းကို ချစ်တယ် မဏ္ဍိုင်.."

နောက်ဆုံးတော့ သူမျှော်လင့်နေခဲ့ရသည့် စကားတခွန်းကိုကြားခဲ့ရပြီ ဖြစ်၍ မဏ္ဍိုင်၏ မျက်ဝန်း၌ ပျော်ရွှင်ခြင်း အရိပ်အယောင်များ ဖြတ်ပြေးခဲ့လေသည်
တမာန်သည်လည်း မဏ္ဍိုင်၏ လက်ကလေးအား ကိုင်ကာ သူ၏ ပါးပြင်ဆီသို့ ထိကပ်ခဲ့သည်။ ဤကောင်လေးအား သူတကယ် ချစ်မြတ်နိုးပါသည်...သူဘယ်သူပဲဖြစ်ဖြစ် ဆက်၍ချစ်နေဖို့ကိုလည်း တမာန် ဆုံးဖြတ်ထားခဲ့လေသည်

"ကို မဏ္ဍိုင်ကို ချစ်နေမိတာကို မဏ္ဍိုင်လည်း ရိပ်မိမှာပါ ကို့ကို ပြန်မချစ်နိုင်လို့ အခုလိုမျိုး တိတ်နေရတာလား ဟွန်..? မဏ္ဍိုင်..."

"မ..မဟုတ်ပါဘူး အကို..အခုလို ရုတ်တရက်ဆိုတော့ အံ့ဩသွားတာပါ...."

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now