ညနက်နက် သန်းခေါင်ယံ အချိန်တွင် မိုးခြိမ်းသံတို့က တဂျိန်းဂျိန်းဖြင့်၊ လျှပ်စီးတို့ကလည်း အထိတ်တလန့်ဖြစ်ဖွယ် တခါခါ လျှက်တိုင်း မည်းမှောင်နေသည့် ကောင်းကင်ကြီး တခဏတာမျှ လင်းလက်ခဲ့ရပြန်သည်...
မည်းမှောင်နေသည့် လောကတခွင်ကို ထိုလျှက်စီးတို့က ကြီးစိုးနေခဲ့သည်.... မိုးသည်းထန်နေသော ထိုညတွင် ရွာလေးတစ်ရွာသို့ ရောက်ရှိနေသော Offအား အိမ်မက်တို့က နှိပ်စက်နေပြန်လေသည်...သူ့အား နှိပ်စက်နေသည့် ထိုအိမ်မက်များကို အိမ်မက်ဆိုးလို့ Off တစ်ယောက်က သတ်မှတ်လိမ့်မည် မဟုတ်ပါချေ...အဘယ်ကြောင့်ဆိုသော် ထိုအိမ်မက်ထဲတွင် သူ၏ကြင်ယာတော်လေး ပါနေသောကြောင့်ပင်..!*အ...ရှင်....*
ထိုခေါ်သံလေး.....
*အရှင် ဘာလို့ကြင်ယာ့ကို တစ်ယောက်တည်း ပစ်ထားတာလဲ ကြင်ယာကြောက်တယ်...ကြင်ယာ့ကို လာခေါ်ပါ...ဟင့်..ဟင့်..ကြင်ယ့ကို မချစ်တော့ဘူးလား ဟင်*
"ကြင်..ကြင်ယာ..လား..?"
မျက်စိများ မှိတ်ရင်းဖြင့် သူ့ကြင်ယာရဲ့ စကားသံလေးအားနားစွင့်လျက် အိပ်ရင်း ယောင်နေခြင်းပင်.....
*အဟင့် အရှင်က ရက်စက်တယ် ကြင်ယာကို နာကျင်စေတယ် အရှင့်ကိုမုန်းတယ်*
"မ..မ..ဟုတ်ဘုး ကြင်..ကြင်ယာ"
*အ့...အရှင်...အားး..ကယ်ပါအုံး ကြင်ယာ့ ရင်ဘတ်မှာ မြှား..မြှားကြီးးး....ကြင်ယာနာတယ် အရှင် သွေး...သွေးတွေ*
"မ...မဖြစ်ရဘူး..ကို့..ကြင်ယာ..မကြောက်နဲ့နော် ကိုရှိတယ်...မငိုပါနဲ့နော်...ကို..ကိုကြင်ယာ့ဘေးမှာ အမြဲရှိနေတယ်."
*ကြင်ယာသွားပြီ အရှင်.. *
"ဘယ်ကိုလဲ ကို့ကြင်ယာရဲ့"
*အရှင်နဲ့ မနေချင်တော့ဘူး အရှင်နဲ့ဝေးရာကိုသွားမယ် အရှင့်ကိုမုန်းတယ် သိရဲ့လား မုန်းတယ်..*
"ကြင်...ကြင်ယာ...မ...မ..ဟုတ်ဘုး....မသွားပါနဲ့ အားး...."
အိမ်မက်တို့က တဝက်တပျက်ဖြင့် မုန်တိုင်းထန်နေသည့် ထိုညသန်းခေါင်ဝယ် ချွေးသီးချွေးပေါက်များက ခန္ဓာကိုယ်တဝိုက် စိုစွတ်နေခဲ့တော့သည်။ မျက်ဝန်းများက ဂနာမငြိမ်စွာဖြင့် အိပ်ယာပေါ်တွင် ကမန်းကတမ်း ထထိုင်ခဲ့သည်....
YOU ARE READING
ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan Phunsawat