EP 21 သူ၏ အင်ပါယာ

63 11 0
                                    

ဘဝကြီးကို ဘာမှမဖြစ်ခဲ့သလို ဖြတ်သန်းနေခဲ့သော Gunသည် သူ၏သုတေသနစာတမ်းကိုလည်း ပိုင်နိုင်စွာပြုစုနိုင်ခဲ့ပြီး စာမေးပွဲကိုလည်း ကောင်းစွာဖြေဆိုနိုင်ခဲ့သည်။ ယခုဆိုလျှင် သမိုင်းမေဂျာ ဘာသာရပ်တွင် မာစတာဘွဲ့ရသည့် ထူးချွန်သူတစ်ဦးဖြစ်နေလေပြီ ထိုအတိတ်ကိုသတိရပြီးသည့် အချိန်မှစ၍ သုံးလေးလ ကြာလွန်ခဲ့ပြီလည်း ဖြစ်ကာ နာကျင်မှုတို့က အတန်အသင့် လျော့နည်းခဲ့ချေပြီ သူ၏ ချစ်ရသူအားလည်း နှလုံးသားမှ ထုတ်ပယ်ကာ ဘဝကို တစ်ကိုယ်တည်း အထီးကျန်စွာဖြင့်သာ ရှေ့ဆက်လျှောက်နေခဲ့သည် သူသည် အရာအားလုံးကို မေ့နိုင်ပြီဟု ထင်နေသော်လည်း တကယ့်လက်တွေ့တွင်မူ Gun တစ်ယောက် ‌မမေ့နိုင်သေးပါချေ...လွယ်လွယ်နဲ့ဖြစ်တည်ခဲ့တဲ့ အချစ်မဟုတ်ခဲ့သည့်အတွက် သူခံစားနေဆဲပင်.

မျက်ရည်တို့က အိပ်စက်ရင်းကျရဆဲ၊ မသိစိတ်တို့က တစ်ယောက်ယောက်ကို သတိရလွမ်းဆွတ်မိနေဆဲ၊ သူ့ကို မချစ်ခဲ့ရကောင်းလားဆိုပြီး အပြစ်တင် စိတ်ဆိုးချင်ဆဲပင်ဖြစ်သည်။ သို့သော် မိမိ၏ နှလုံးသားအား အလိုမလိုက်ခဲ့ဘဲ ဘာမှမဖြစ်ခဲ့သလိုပင် နေ့စဉ်ဘဝအားပြုမူနေခဲ့သည်....ဟန်ဆောင်နေခဲ့သည်...သူအဆင်ပြေနေပြီဟု သူ့ကိုယ်သူ လိမ်ညာထားလေသည်...

ကြင်ယာတော် Atthaphan Phunsawat နှင့်ပတ်သက်သမျှ အရာအားလုံးကို သတိမရစေရန် အလုပ်နှင့် လက်မပြတ်အောင်နေခဲ့သည်။ သူ၏ ရာဇဝင် စာအုပ်ကိုလည်း ထပ်မဖတ်ကြည့်တော့ချေ..

တဖက်တွင်လည်း ပျောက်ချင်းမလှ ပျောက်သွားသော သူငယ်ချင်းဖြစ်သူ မဏ္ဍိုင်အား လိုက်ရှာခဲ့ရင်း...Gun တစ်ယောက် သူ၏နေ့ရက်တွေကို ဖြတ်သန်းနေခဲ့လေသည်။

(ဒီကောင် ဘယ်ကို တောင် ပျောက်သွားရတာလဲ ငါ့ရဲ့အတိတ်ကို လက်မခံနိုင်လို့လား မဏ္ဍိုင်၊ မင်းနဲ့ မတွေ့ရတာ သုံးလေးလရှိပြီ ဒီလို ငါတို့အကြာကြီး ဝေးကွာပြီးမနေဘူးဘူးလေ တကယ်ပဲ မင်းငါ့ကိုကြောက်သွားတာလား အတိတ်က အတိတ်ပါ မဏ္ဍိုင်ရာ မင်းက ငါငယ်ငယ်လေးကတည်းက ချစ်ခဲ့ရတဲ့သူငယ်ချင်း၊ ငါဝမ်းနည်းချိန်တိုင်း မင်းကအမြဲအားပေးခဲ့တယ် မင်းအခုဘယ်မှာလဲ မဏ္ဍိုင်ရယ်...)

ရာဇဝင်ကို ကမ္ဗည်းအက္ခရာရေးထိုး၍ (သို့) ကြင်ယာတော်Atthaphan PhunsawatWhere stories live. Discover now