Uni
မနက်ခင်းရဲ့နေရောင်ဖျော့ဖျော့က ရန်ကုန်မြို့ရဲ့အဆင့်မြင့်ကွန်ဒိုတိုက်ခန်းထဲက
ပူးကပ်စွာအိပ်နေပါသော အမျိုးသားနှစ်ဦးပေါ်သို့
ကျရောက်လာသည်။တစ်ဖြည်းဖြည်းနဲ့ ပူနွေးလာသောနေရောင်ခြည်က ကုတင်ပေါ်မှအကောင်သေးသေးလေး၏ မျက်နှာပေါ်သို့ နေရောင်ထိုးလာခဲ့သည်။နွေးတေးတေးခံစားနေရာမှ တစ်နေရာတည်းကွက်၍ပူလောင်လာတာမို့ မှိတ်ချထားသော မျက်၀န်းတို့အား ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ နေရောင်ထိုး၍ ရွှေ၀ါရောင်ထနေသော ရင်ခွင်ကျယ်ကြီးအား အရင်ဆုံးမြင်လာခဲ့၏။
မနေ့ညကကိစ္စတို့အား ဦးနှောက်မှတ်ဥာဏ်ကောင်းသူပီပီ အလုံးစုံမှတ်မိနေခဲ့သည်။ သူ့ရှေ့ကလူဟာ ညတုန်းက သူ့ခံစားချက်တွေကို သက်သာအောင်လုပ်ပေးခဲ့သည်မဟုတ်ဘဲ ပိုဆိုးလာအောင်လုပ်သွားခဲ့တာဆိုပေမဲ့ ဘာမှမဟရဲ။သူ့ပြဿနာ သူသာသိသည်။ အခုသူက စောင်ပုံကြီးထဲမြှုပ်နေပြီးခေါင်းကလည်း သူ့ရှေ့ကလူရဲ့ လက်မောင်းသားကျစ်ကျစ်ပေါ်မှာ ခေါင်းအုံးထားလျက်ရှိသည်။
သူ့ရဲ့လက်နှစ်ဖက်စလုံးက ထိုရင်အုပ်ကျယ်ကြီးအား ထိကိုင်ထားကာ လူသည်လည်း ထိုလူရဲ့ အားနေတဲ့လက်မောင်းသားတစ်ဖက်နဲ့ ထိန်းဖက်ထားခြင်းကိုခံနေရသည်မို့ ၊အရှင်းဆုံးပြောရရင် ကိုယ်ကသူ့ရင်ခွင်ထဲမှာ သူကကိုယ်ကိုဖက်ထားတာမျိုးဖြစ်နေသည်။
တိကျနေသောမေးရိုးထင်းထင်းကြီးအား လက်ချောင်းသေးသေးသွယ်သွယ်ကလေးများနဲ့ အသာလေးပွတ်ဆွဲကြည့်ရင်း အားပါလာတော့ လက်တစ်ဖက်အားဆန့်ထုတ်ကာ ထိုလူရဲ့ နှုတ်ခမ်းပါးရဲရဲလေးအား လက်မကလေးနဲ့ ဖွဖွလေးထိလိုက်မိသေးသည်။နှာတံစင်းစင်း ကြည်လင်းသောအသားအရည်နဲ့ ထိုလူဟာ သဘာ၀အတိုင်း ယောက်ျားပီသစွာ ချောမောလွန်းသည်။
တွန့်ချိုးနေတဲ့မျက်ခုံးတန်းညီညီတို့အား လက်ညှိုးကလေးနဲ့ဆွဲမိတော့ တမုဟုတ်ချင်းကိုပြေလျော့သွားခဲ့သည်။မျက်၀န်းအိမ်တို့က သခင်စေလိုရာအတိုင်း မှေးမှိတ်ထားသော်လည်း ထိုမျက်၀န်းတို့အား မသိစိတ်ထဲကနေ အသေးစိတ်ကြည့်ချင်နေသေးသည်။ညကပင်ပန်းခဲ့ပြီး အရင်အိပ်ပျော်သွားတာကလည်းသူဘဲ
ဒီနေ့ရဲ့ပထမဆုံးနိုးလာသူဆိုတော့လည်း အငွေ့(သို့မဟုတ်)လွမ်းငွေ့ရောင်စင်(ခေါ်) သူဘဲဖြစ်သည်။
YOU ARE READING
ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed)
Romanceသောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..